ဘန်ကောက် - ပတ္တယား - အယုဒ္ဒယ ( ၄ ညအိပ် / ၅ ရက် )
Day 1 ( 11 Apr 16)း ရန်ကုန် - ဘန်ကောက် - နွန်နွတ်ပန်းဥယျာဉ် - ပတ္တရား (-/L/D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Myanmar National Airline ဖြင့် နံနက် (၀၆း၄၀) နာရီတွင် ခရီးစဉ်ခေါင်းဆောင် နှင့်အတူစတင် ထွက်ခွာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒေသစံတော်ချိန် နံနက်(၀၈း၁၀) တွင် ဆိုက်ရောက်ပါမည်။ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန် မှလာရောက် ကြိုဆိုပြီးနောက် ပတ္တရား သို့ ကားဖြင့်သွားကြပါမည်။ လမ်းတွင် ပန်းပင်ပေါင်းမျိုးစုံစွာစိုက်ပျိုးပြသထားသော နွန်းနွတ် ယုက္ခဗေဒဥယျာဉ်သို့ လည်ပတ်ကြပါမည်။ ထိုင်းရိုးရာ ပြဇာတ်ကို ကြည့်ရှုကြပြီး နေ့လည်စာကို ပန်းခြံထဲတွင် သုံးဆောင်ကြပါမည်။ ထို့နောက် (မိုးမချုပ်မြို့) ဟု နာမည်တွင် သော ပတ္တရားမြို့သို့ ဆက်လက်ခရီးဆက်ကြပါမည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါည်။ ထိုညတစ်ညတာကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day2 ( 12 Apr 16) : ပတ္တရား - သဲဖြူကျွန်း - Arts in Paradise - ဘန်ကောက် (B/L/D)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးပတ္တရားကမ်းခြေသို့ထွက်ခွာမည်ဖြစ်ပါသည်။ ပတ္တရားသို့ရောက် ရှိပြီးနောက် ငွေရောင်သဲဖြူကျွန်း (Coral Island) သို့ Speed Boat ဖြင့် သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ကြည်လင်နေသောရေ၊ ဖြူဖွေးတောက်ပနေသောသဲများဖြင့် လှပနေသော ပတ္တရားကမ်း ခြေတွင် လေထီးစီးခြင်း ၊ ရေလွှာလျှပ် ပြေးယာဉ်များ စီးနင်းခြင်း ၊ ရေကူးအပန်းဖြေခြင်း တို့ ဖြင့်ပျော်ရွှင်လွတ်လပ်စွာ အပန်းဖြေအနား ယူနိုင်ပါသည်။ နေ့လည်စာကို ကျွန်းပေါ်တွင်ပင်လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ် ပါသည်။ ညနေခင်းတွင် ပတ္တရားမြို့သို့ Speed Boat ဖြင့် ပြန်လည်ထွက်ခွာလာပြီး အလှဓါတ်ပုံမျိုးစုံ ရိုက်ကူးနိုင်သည့် Art in Paradise သို့ လည်ပတ်ကြပါမည်။ ထို့နောက် ကားဖြင့် ဘန်ကောက်သို့ သွားကြပါမည်။ ညနေစာကို စားသောက်ဆိုင်တွင် စားသောက်ပြီး ဟိုတယ်တွင် ညအိပ်ကြပါမည်။
Day 3 (13-April-2016): မြဘုရား - ဘုရင့်နန်းတော် - အယုဒ္ဒယ (B/L/D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ထိုင်းနိုင်ငံ၏ တန်ခိုး ကြီးဘုရား တစ်ဆူဖြစ်သော Emerald Buddha ခေါ် မြဘုရားကို သွားရောက်ဖူးမျှော်ပြီး Grand Palace ခေါ် အနောက်တိုင်းဗိသုကာ လက်ရာများပေါင်းစပ်ထားသော ထိုင်းဘုရင့်နန်းတော်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်နိုင်ပါသည်။ နေ့လည်စာကို ဘူဖေး ပုံစံ အစားအစာ စုံလင်စွာဖြင့် ဧည့်ခံပါမည်။ထို့ နောက် အယုဒ္ဒယ မြို့ ဟောင်းသို့ သွားရောက်လည်ပတ်ကြပါမည်။ ညနေစာကို စားသောက်ဆိုင်တွင်စားသောက်ပြီး ဟိုတယ်တွင် ညအိပ်အနားယူပါမည်။
Day 4 ( 14 Apr 16) : ဘန်ကောက် ( Dream World ) (B/L/D) ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ကစားနည်းများပေါင်းဆုံရာ Dream World သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကိုအဝစားဘူဖေးဖြင့် Dream World ထဲ၌ပင် တည်ခင်းဧည့်ခံပါမည်။ Dream World ထဲရှိ Snow Town အပါအ၀င်စိတ်ဝင်စားဖွယ် ကစားနည်းမျိုးစုံကစားခြင်း၊ ရှုခင်းများလှည့်လည်ကြည့်ရှုခြင်း၊ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများရိုက်ခြင်း၊ 4D ရုပ်ရှင်ကိုကြည့် ရှုခံစားခြင်းများကိုလွတ်လပ်စွာပြုလုပ်ပြီး ပျော်ရွှင်စွာကစားပြီးပါက MBK Shopping Center တွင်လည်ပတ်ဈေးဝယ်ကြပါမည်။ ညနေစာကို ဘန်ကောက်မြို့ရှိအမြင့်ဆုံးဟိုတယ် Baiyoke Sky တွင် နိုင်ငံတကာဘူဖေး အစားအသောက် စုံလင်စွာ စားသောက်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူမည် ဖြစ်ပါသည်။
Day 5 ( 15 Apr 16) : ဘန်ကောက် ( Safari World ) - ရန်ကုန်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Safari World and Marine Park သို့ထွက်ခွာပါမည်။ တိရိစ္ဆာန်ဥယျာဉ်အတွင်းရှိ တောလည် ခရီးဟု အမည်ပေးထားသော Safari Park အတွင်းတွင်ရှိသော တိရစ္ဆာန်လေးများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုပြီး နေ့လည်စာကို Safari World တွင် အရသာ ရှိပြီး အမျိုးစုံသော Buffet ဖြင့် ဧည့်ခံပါမည်။ Park ထဲတွင်ပျော်ရွှင်စွာအနားယူခြင်း၊ ဆော့ကစားခြင်း၊ လှည့်လည်ကြည့်ရှုခြင်းများပြီးနောက် ဈေးဝယ်ထွက် နိုင်ရန် ကိုယ်ပိုင်အချိန်ပေးပါမည်။ ထို့ နောက် လေဆိပ်သို့ ပြန်သွားကာ Myanmar National Airlines ဖြင့် ညနေ (၈း၂၀) နာ၇ီတွင်စတင် ထွက်ခွာလာပြီး (၈း၅၀) နာရီ တွင်ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ မည်ဖြစ် ပါသည်။
တစ်ဦးလျှင် USD - 650
နှစ်ယောက်လျှင်တစ်ခန်းနှုန်းဖြစ်ပါသည်။
ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
(၁) လေယာဉ်လက်မှတ် ( ရန်ကုန် - ဘန်ကောက် - ရန်ကုန်)
(၂) ခရီးစဉ်တစ်လျှောက်ကားအကြိုအပို့ (လေအေးပေးစက် တပ်ဆင်ထားသောကားများ)
(၃) ခရီးစဉ်တွင် ပါဝင်သည့်အတိုင်း နံနက်စာ ၊ နေ့လည်စာ နှင့် ညစာ
(၄) ခရီးစဉ်တွင် ပါဝင်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ
(၅) ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်တွင် တည်းခိုစရိတ်
(၆) ထိုင်း နိုင်ငံမှ English Tour Guide
(၇) English Tour Guide နှင့် Driver အတွက် Tip Money
(၈)ကုမ္ပဏီမှ အဖွဲ့ ခေါင်းဆောင်တစ်ဦး
ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှုများ
(၁) ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ
(၂) လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စရိတ်
(၃) နေ့လည်စာ နှင့် ညစာသုံးဆောင်စဉ်ရေသန့် ၊ အချိုရည် နှင့် အဖျော်ယမကာများ
(၄)ဟိုတယ်တွင်ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry Charges,Mini-Bar, Room Services, Phone Bills etc ….