Friday, August 12, 2016

Ho Chi Minh - Hanoi - Halong Bay (6Days 5Nights) 16-21 October

ဟိုချီမင်း - ဟနွိုင်း- ဟလောင်းဘေးခရီးစဉ် (   ၅ ညအိပ် /  ၆ ၇က်ခရီးစဉ်)
(16-21 October 2016)


Day 1   :           ရန်ကုန် - ဟိုချီမင်း                                                                                     ( -/-/D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ       Vietnam Airlines ဖြင့်  နေ့လည် (၁၂း၁၀) နာရီတွင် စတင် ထွက်ခွာလာပြီးနောက် (၃း၀၀) နာ၇ီတွင် ဟိုချီမင်းနိုင်ငံ Tan Son Nhat International လေဆိပ် သို့ရောက်ရှိပါမည်။ ထို့နောက် ဒေသခံဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီးနောက် ဟိုတယ်သို့ Check In ၀င်ရောက်ပါမည်။ ခေတ္တ အနား ယူပြီးနောက် ညစာ ကို ဆိုင်ဂုံမြစ်အလှကိုခံစားရင်းသင်္ဘောပေါ် တွင်  တေးသံသာ များနားဆင်ရင်း ညနေစာ သုံးဆောင်ပါမည်။ ထိုမှတဆင့် ဟိုတယ် တွင်အနား ယူနိုင် ရန် ပို့ဆောင်ပေးပြီးတစ်ညတာကိုအိပ်စက်အနားယူပါမည်။
  

Day 2  :               Mekong Delta -  My Tho                                (B/ L/D) 
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် My Tho သို့သွား ရောက်ပါမည်။ထို့နောက်  လမ်းတစ်လျှောက် ပန်ချီ ကား သဖွယ် လှပနေသောစပါးစိုက်ခင်းများကို မြင် တွေ့ရ ပါမည်။  My Thoသို့ရောက် လျှင်  VinhTrang ဘုရား နှင့် မဲခေါင်မြစ်ဝှမ်း အတွင်းရေပေါ်ဈေးမဲခေါင်ရိုးရာအိမ်လေးများကို လှေဖြင့် ပျော်ရွှင် စွာသွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် နေ့လည်စာကိုသစ်ခွ ခြံတွင် သုံးဆောင်ပါမည်။ ဗီယက်နမ်၏ အရသာရှိသော ရာသီပေါ် အသီးအနှံ များကို စားသုံးရင်းဗီယက်နမ်၏ ပျော်ရွှင်ဖွယ် ကျေးလက ရိုးရာသီချင်းများကိုနားဆင်ခံစားနိုင်ပါသည်။ဒေသခံတို့၏ ကျေးလက် သဘာဝ နေထိုင် စားသောက်ပုံများ ၊ ကိုယ်ပိုင်အိမ်တွင်းမှု စီးပွားရေး ဖြစ်သောအုန်းသီးသကြားလုံးထုတ်လုပ်ခြင်း ၊ တိရစ္ဆာန် မွေးမြူရေးနှင့် သိုးထိန်းခြင်း ၊လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများသီးနှံစိုက်ခင်း များတွင်  အမှတ်တရ ဓါတ်ပုံ များ ရိုက်ရင်းဗီယက်နမ်လူမျိုးတို့၏ ရိုးရာ လုပ်ငန်း များကိုသိရှိနိုင်ပါသည်။ထို့နောက် ဟိုချီမင်းသို့ပြန် လည် ထွက်ခွာ လာပါမည်။ မဲခေါင်မြစ်ဝ ကျွန်းပေါ်ရှိလှပသော မြင်ကွင်းအလှ ကိုခံစားမိချိန် တွင်  လှပ သောအမှတ်တရများ  ရင်ထဲတွင် တစ်ခုခု စွဲကျန်ရစ် စေပါမည်။ထိုခရီးစဉ်ကိုလိုက်ပါနိုင်သည့် အတွက် မေ့မရသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပါမည်။ ထိုနေ့ညစာကိုဗီယက်နမ် လူမျိုးတို့ ဒေသခံအစားအစာဖြင့် တည်ခင်းဧည့်ခံပါမည်။ုထိုနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင် ပေးပြီးပျော်ရွှင် အေးချမ်းစွာ အိပ်စက်အနားယူနိုင်ပါသည်။




Day 3 :        Cu Chi  ဥမင်လိုဏ်ခေါင်း  - ဟနွိုင်း မြို့                 (B/L/D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်  ဟိုချီမင်း မြို့တော်မှ ကီလိုမီတာ 60 ဝေးသော Cu Chi မြေအောက်ဥမင် လိုဏ်ခေါင်းသို့ သွား ရောက် လေ့လာပါမည်။ ပထမဦးစွာ လိုဏ်ခေါင်းအတွင်း သို့မ၀င်ရောက်ခင် Video ဖြင့် အသေးစိတ် ပြသပေးပါမည်။ ထို့နောက် Cu Chi မြေအောက် ဥမင် လိုဏ်ခေါင်းသည်  ကီလိုမီတာ 200 ရှည်သော အမေရိကန် - ဗီယက်နမ် စစ်ပွဲအတွင်းကဗီယက်နမ် စစ်သားများ အသုံးပြုခဲ့သောမြောက်မြားစွာသောထောင်ချောက် တံခါးများ ၊ လက်နက်စက်ရုံများတည်ဆောက် ထားခြင်း၊  ဆေးရုံများ ၊ နှင့်  ချက်ပြုတ်နိုင်ရန်  မီးဖိုချောင်များပါရှိသည့် အတွက် အသက် ဘေးမှာ လွတ်မြောက်ရာခိုလုံရာစစ်စခန်းဖြစ်သည်။ ယခုအချိန်တွင် မြစ်ကြောင်းတစ်လျှောက် ဘဲမွေး မြူရေး  နှင့် ကျွဲ နွားများမွေးမြူရေးများကိုအေးချမ်းစွာဖြင့် တွေ့မြင်ခံစားနိုင်ပါသည်။ ထိုစစ်သမိုင်းနေရာ အတွင်းမိုင်းတွင်း နေရာများကိုယခုအခါ ထိုနေရာတွင် လှပသောဒေသထွက်ကုန် စိုက်ခင်းမျိုးစုံကိုရင်သပ် ရှု့မောဖွယ် တွေ့မြင်ခံစားရပါမည်။နေ့လည်စာကို  Vietnamese Pho Noodles & Fried Spring Rolls ဖြင့်နေ့လည်စာသုံးဆောင်ပါမည်။ဟိုချီမင်းမြို့အတွင်းရှိအထင်ကရနေရာများဖြစ်သော Notre Dame Cathedral ဘုရားရှိခိုး ကျောင်းတော် နှင့် ရာဇ၀င်တွင်သောစာတိုက်ရုံး၊ထူးခြား ဆန်းပြား သော ဘုရင့် နန်းတော်သို့ သွားရောက် လေ့လာကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကြ ပါမည်။ ထို့နောက် လေဆိပ်သို့ ကားဖြင့်သွားကာ ညနေ (၅ နာရီ) ထွက်သည့် Vietnam Airline ဖြင့်ဟနွိုင်းရှိNoiBai  International လေဆိပ် သို့ရောက် ရှိပါမည် ။ ညနေစာကို ဒေသခံစားသောက်ဆိုင် တွင်သုံးဆောင်ပြီးနောက် ဟိုတယ် တွင် Check In ၀င်ရောက်ကာ တစ်နေ့တာ အတွက် အေးချမ်းစွာအိပ်စက်အနားယူပါမည်။



Day 4 :   ဟနွိုင်း - ဟလောင်း ပင်လယ်အော် - အပျော်သင်္ဘောစီး                                                    (B/L/D)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် စပါးခင်းများစွာဖြင့်လှပလျှက်ရှိသည့် Red River မြစ်ဝကျွန်းပေါ်ဒေသရှိ  ဟလောင်းပင်လယ်ကွေ့သို့ စတင်ထွက်ခွာပါမည်။ ကားဖြင့် (၄) နာရီခန့် သွားပြီး ဟလောင်းပင်လယ်ကွေ့ ရောက်လျှင်သင်္ဘောပေါ်မှ Welcome Drink ဖြင့် ကြိုဆိုပြီးနောက် ဟလောင်း ပင်လယ်အော်တစ်လျှောက်သင်္ဘောဖြင့် စတင်ထွက်ခွာပါမည်။ နေ့လည်စာကို ပင်လယ်စာ ဖြင့် တည်ခင်းဧည့်ခံပါမည်။ ထုံးကျောက်ဂူများဖြစ်သော  ( Dihn Island , Ga Choi Island ,Sail Island ) စသောအလွန်လှပသော ကျွန်းအလှကိုခံစားရင်းနေ့လည်စာသုံးတောင်ပါမည်။ ဖြတ်သန်းပြီး ကမ္ဘာ အမွေအနှစ်အဖြစ် UNESCO မှတ်တမ်းဝင်လှပသောကျွန်းစုများကိုခံစားပြီး ညစာကိုပင်လယ်စာဖြင့် ဧည့်ခံပါမည်။ ညစာသုံးဆောင်ပြီးနောက် ငါးမျှားခြင်းများပြုလုပ်ရင်းထိုညတစ်ညတာကိုသင်္ဘောပေါ်တွင် အေးချမ်းစွာ အိပ်စက်အနားယူရင်း ကုန်ဆုံးပါမည်။



Day 5 :       ဟလောင်းပင်လယ်အော် - ဟနွိုင်း -  Water Puppet Show(B/L/D)
နံနက်စာကိုသင်္ဘောပေါ်တွင် Light food များဖြစ်သောလ္ဘက်ရည် ၊ ကော်ဖီ ၊ ကိတ် ၊ အသီးများဖြင့် ဧည့်ခံပါမည်။ ထို့နောက် ရေပတ်လည်ဝန်းရံထားသော ကျွန်းများသို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို လတ်ဆက်သော ပင်လယ် စာဖြင့် တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ဟနွိုင်းသို့ပြန်လာကာပျော်ရွှင်ဖွယ် Water Puppet Show  ( ရေပေါ်ရုပ်သေးရုပ်ပွဲ ) သွားရောက်ကြည့်ရှု့ပြီးနောက် ညစာကို  Local Restaurant တွင် တည်ခင်းဧည့်ခံပါမည်။ ထိုညတစ်ညတာကို ဟနွိုင်း ဟိုတယ် တွင်  အေးချမ်းစွာအိပ်စက်အနားယူပါမည်။


 Day 6  :  ဟနွိုင်း - ရန်ကုန်                                               ( B/L/-)
 ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်   Ba Dinh,Mausoleum, His House , Pillar pagoda ,HoanKiem Lake , The Hac Bridge , Ngoc Son Tampleတို့ကိုသွားရောက် လည်ပတ်ပါမည်။ ထို့နောက့် Tan Son Nhat International လေဆိပ်ဒေသစံတော်ချိန် ညနေ (၄း၅၀) နာရီတွင် စတင်ထွက်ခွာလာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ (၆း၁၀) နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။


 ဈေး နှုန်း တစ်ယောက်လျှင်  USD 790 
ပါဝင်သော ၀န်ဆောင်မှုများ
၁။ ရန်ကုန်-ဟိုချီမင်း -ဟနွိုင်း -ရန်ကုန် လေယဉ်လက်မှတ်များ (Vietnam Airlines)
၂။ မြို့တွင်း ကြယ် (၃) ပွင့်အဆင့်ရှိဟိုတယ်များတွင် (၅) ည (၂ ယောက် တစ်ခန်း)
၃။ အထက်ပါ ခရီးစဉ်အတိုင်းလည်ပတ်မှုများအတွက် သီးသန့် Air Con ကား နှင့် ဒေသခံဧည့်လမ်းညွှန်
၎။ လည်ပတ်မှုများအတွက် ၀င်ကြေးများ
၅။ ခရီးစဉ်တွင် ပါရှိသည့်အတိုင်း B - နံနက်စာ၊ L - နေ့လည်စာ နှင့် D - ညနေစာများ
၆။ မြန်မာစကားပြန် ခရီးစဉ် စီစဉ် ဦးဆောင်သူတစ်ဦး