ဗီယက်နမ် -
ကမ္ဘောဒီးယား - ဘန်ကောက် ( ၉ ညအိပ် / ၁၀ ၇က်ခရီးစဉ်)
Day
1 ( 12 APR 17 ) : ရန်ကုန် - ဟိုချီမင်း ( -/-/D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှ Viet Jet AirLines ဖြင့် နေ့လည် (၁) နာရီတွင် စတင် ထွက်ခွာ လာပြီးနောက် (၃း၄၅) နာ၇ီတွင် ဟိုချီမင်း သို့ရောက်ရှိပါမည်။ ထို့နောက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ
လာရောက် ကြိုဆိုပြီးနောက် ညစာ ကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။
ထိုမှတဆင့်ဟိုတယ် တွင်အနားယူနိုင်ရန်ပို့ဆောင်ပေးပြီး ကိုယ်ပိုင်အချိန်ပေးပါမည်။
Day
2 ( 13 APR 17) : ဟိုချီမင်း - My Tho –Ben Tre (B/ L/D)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့အတွင်း ရှိ အထင်ကရနေရာများဖြစ်သော Notre Dame Cathedral ဘုရားရှိခိုးကျောင်းတော် နှင့် ရာဇ၀င်တွင်သော စာတိုက်ရုံး ၊ ထူးခြားဆန်းပြားသော ဘုရင့်နန်းတော် သို့ သွားရောက်လေ့လာကာ အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။ ပြီးနောက် ကားဖြင့် My
Tho သို့သွားရောက်ပါမည်။ လမ်းတစ်လျှောက် ပန်ချီကား သဖွယ် လှပနေသော စပါးစိုက်ခင်းများကို
မြင်တွေ့ရပါမည်။ My Tho
သို့ရောက်လျှင် Vinh Trang ဘုရားနှင့်
မြစ်ကြောင်းတစ်လျှောက် လှေဖြင့် ပျော်ရွှင်စွာ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက်
နေ့လည်စာကို သစ်ခွ ခြံတွင် သုံးဆောင်ပါမည်။ ဗီယက်နမ်၏ အရသာ ရှိသော
ရာသီပေါ်အသီးအနှံများကို စားသုံးရင်း ဗီယက်နမ်၏ ပျော်ရွှင်ဖွယ်
ကျေးလက်ရိုးရာသီချင်းများကို နားဆင်ခံစားနိုင်ပါသည်။ဒေသခံတို့၏ ကျေးလက်သဘာဝ
နေထိုင် စားသောက်ပုံများ ၊ ကိုယ်ပိုင်အိမ်တွင်းမှု စီးပွားရေး ဖြစ်သော အုန်းသီး
သကြားလုံး ထုတ်လုပ်ခြင်း ၊ တိရစ္ဆာန် မွေးမြူရေးနှင့် သိုးထိန်းခြင်း ၊လယ်ယာ
စိုက်ပျိုးရေး လုပ် ငန်းများ သီးနှံစိုက်ခင်းများတွင် အမှတ်တရ ဓါတ်ပုံများရိုက်ရင်း
ဗီယက်နမ်လူမျိုးတို့၏ ရိုးရာလုပ်ငန်း များကို သိရှိနိုင်ပါသည်။ထို့နောက်
ဟိုချီမင်း သို့ပြန် လည်ထွက်ခွာလာပါမည်။ မဲခေါင်မြစ်ဝ ကျွန်းပေါ်ရှိလှပသော
မြင်ကွင်းအလှကို ခံစားမိချိန်တွင် လှပသော
အမှတ်တရများ ရင်ထဲတွင် တစ်ခုခု
စွဲကျန်ရစ်စေပါမည်။ထိုခရီးစဉ်ကို လိုက်ပါနိုင်သည့် အတွက် မေ့မရသောနေ့ရက်များကို
ပိုင်ဆိုင်နိုင်ပါမည်။ ထိုနေ့ညစာ ကို ဗီယက်နမ် လူမျိုးတို့ ဒေသခံ အစားအစာဖြင့်
တည်ခင်းဧည့်ခံပါမည်။ုထိုနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးပြီး ပျော်ရွှင်အေးချမ်းစွာ
အိပ်စက်အနားယူနိုင်ပါသည်။
Day
3 ( 14 APR 17): ဟိုချီမင်း - Cu
Chi ဥမင်လိုဏ်ခေါင်း - ဖနွမ်းပင် (B/L/D)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်း မြို့တော်မှ ကီလိုမီတာ 60 ဝေးသော Cu
Chi မြေအောက်ဥမင်လိုဏ်ခေါင်းသို့သွား ရောက်လေ့လာပါမည်။ ပထမဦးစွာ လိုဏ်ခေါင်း
အတွင်းသို့မ၀င်ရောက်ခင် Video ဖြင့် အသေးစိတ် ပြသပေးပါမည်။ ထို့နောက် Cu Chi
မြေအောက် ဥမင် လိုဏ်ခေါင်း သည် ကီလိုမီတာ
200 ရှည်သော အမေရိကန် - ဗီယက်နမ် စစ်ပွဲအတွင်းကဗီယက်နမ်စစ်သားများ အသုံးပြုခဲ့သော
မြောက်မြားစွာသော ထောင်ချောက် တံခါးများ ၊ လက်နက်စက်ရုံများ တည်ဆောက် ထားခြင်း၊ ဆေးရုံများ ၊ နှင့် ချက်ပြုတ်နိုင်ရန် မီးဖိုချောင်များ ပါရှိသည့် အတွက် အသက် ဘေးမှာ
လွတ်မြောက်ရာ ခိုလုံရာ စစ်စခန်းဖြစ်သည်။ ယခုအချိန်တွင် မြစ်ကြောင်းတစ်လျှောက်
ဘဲမွေး မြူရေး နှင့် ကျွဲ နွားများ
မွေးမြူရေးများကို အေးချမ်းစွာဖြင့် တွေ့မြင်ခံစားနိုင်ပါသည်။ ထို
စစ်သမိုင်းနေရာအတွင်း မိုင်းတွင်း နေရာများ ကိုယခုအခါ ထိုနေရာတွင် လှပသော
ဒေသထွက်ကုန် စိုက်ခင်းမျိုးစုံကို ရင်သပ် ရှု့မောဖွယ် တွေ့မြင်ခံစားရပါမည်။ ၁၉၆၀
ခုနှစ် ရန်သူများကို ရှင်းလင်း အောင်ပွဲခံနိုင်ခဲ့သည့်အတွက် ထိုနေရာကို “Free
Target Zone” ဟုခေါ်ထွင်ခဲ့ပါသည်။ ထိုမှတဆင့် ဟိုချီမင်းမြို့တော်မှ ကမ္ဘောဒီယားနိုင်ငံမြို့တော် ဖနွမ်းပင် သို့ သို့
သို့ ကားဖြင့် ထွက်ခွာကြပါမည်(ခန့်မှန်း ကြာချိန် (၅ နာရီခန့်)။ ညနေပိုင်းတွင် ရောက်ရှိကြပြီး ကမ္ဘောဒီးယား
လူမျိုးများ၏ ရှေးဟောင်း ယဉ်ကျေးမှုအကဖြစ်သော Apsara Ancient Khmer Kingdom’s Cultural
Dance Show ကြည့်ရှု့ခံစားရင်း ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပါမည်။ ထို့နောက်
ဟိုတယ်တွင် Check In ၀င်ရောက်ကာ တစ်နေ့တာ ပင်ပန်းမှုအတွက် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။
Day
4 ( 15 APR 17): ဖနွမ်းပင် - ဆီရမ်ရိ (ပ်) (B/L/D)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် Phnom Penh
မြို့၏ တောင်ကုန်းလေးပေါ်တွင် တည်ရှိသော Wat Phnom ဘုရားသို့ သွားရောက်
လည်ပတ်ကြပါမည်။ ထိုတောင်ကုန်းလေးမှာ ၂၇ မီတာမြင့်ပြီး သမိုင်းကြောင်းအရ Wat Phnom
ဘုရားမှာ ထိုမြို့တွင် ဗုဒ္ဓဘာသာထွန်းကားခဲ့စဉ် ပထမဆုံးတည်ခဲ့သော ဘုရားဖြစ်ပြီး
ဆုတောင်းပြည့်ဘုရားတစ်ဆူ လည်းဖြစ်ပါသည်။ ထို့နောက် Royal Palace, Silver
Pagoda စသည့်နေရာများသို့
သွားရောက်လည်ပတ်ကြပါမည်။နေ့လည်စာကို ဒေသဆိုင်ရာ Restaurant
တွင်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် နိုင်ငံခြားသားဧည့်သည်များ စွာ စိတ်ဝင်တစားသွားရောက်ကြသည့် Siem Reap မြို့ သို့ ကားဖြင့် ထွက်ခွာကြပါမည်(ကြာချိန် ၅း၃၀ ခန့်) ။ ညနေပိုင်းတွင် ရောက်ရှိပြီး ဒေသခံ စားသောက်ဆိုင်တွင် ညနေစာ စားသုံးကြပါမည်။ ဟိုတယ်ကို ညဈေးတန်း အနီးတွင် စီစဉ်ထားသဖြင့် ညပိုင်းလမ်းလျှောက်ထွက်လိုသူများအတွက်လည်း အဆင်ပြေမည်ဖြစ်ပါသည်။ 
Day 5 (16 APR 17) :
အန်ကောဝပ် (B/L/D)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် Angkor Thom ၏ တောင်ဘက် တံခါး သို့သွာရောက်လည်ပတ်ပါမည်။ အန်ကောဝပ် ၏နာမည်ကြီးနေရာတစ်ခုဖြစ်သော ကျောက်ဖြင့်
ပြုလုပ်ထားသည့်မျက်နှာတော်ရှိသည့် Bayon နှင့် Baphuon , Phimeanakas ဟုခေါ်သော
ကျောင်းတော်များကိုသွားရောက်လည်ပတ်ပါမည်။နေ့လည်စာကို Local Restaurant
တွင်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ၁၂ ရာစုအတွင်း (၁၁၃-၅ BC) ကမ္ဘာ့အံ့ဖွယ်များထဲမှ
တစ်ခုဖြစ် သော သမိုင်းကြောင်း ရာဇ၀င် ကြီးမားခဲ့သော အန်ကောဝပ် ဘုရားကျောင်းသို့
သွား ရောက် လည်ပတ်ပါမည်။ ပြီးနောက် Phnom Bakheng တွင် ညနေ နေ၀င်ဆည်းဆာ အလှကို
သွားရောက်ခံစားကြည့်ရှု့ပါမည်။ ညနေစာကို
ဒေသအက အလှများဖြင့် ကိုကြည့်ရှု့ခံစားရင်း ညစာသုံးဆောင်ပါမည်။ ထိုည တစ်ည တာကိုဟိုတယ်
တွင် အိပ်စက်အနားယူပါမည်။
Day 6 (17 APR 17) : Siem Reap
- Pattaya (B/L/D)
ထိုနောက် ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် Sieam Reap မှ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေသို့ Poi Pet နယ်ခြားဂိတ်မှတဆင့် ကားဖြင့်သွားကြပါမည်(ကြာချိန် ၆နာရီခန့်) ။ နေ့လည်စာကို ဒေသစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။ ထိုမှတဆင့်
(မိုးမချုပ်မြို့) ဟု နာမည်တွင် သော ပတ္တရားမြို့၏ အလှကိုခံစားရင်း Alcaza Show ခေါ် Lady Boys Show သို့သွားရောက်ကြည့်ရှုကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထိုနောက် ညစာကို ဒေသဆိုင်ရာ
စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ထိုညတစ်တည တာကို ပျော်ရွှင်စွာ
အိပ်စက် အနားယူပါမည်။
Day 7 (18 APR 17) : Coral
Island –Bangkok (B/L/D)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးပတ္တရားကမ်းခြေသို့ထွက်ခွာမည်ဖြစ်ပါသည်။
ပတ္တရားသို့ရောက် ရှိပြီးနောက် ငွေရောင်သဲဖြူကျွန်း (Coral Island) သို့ Speed
Boat ဖြင့် သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ကြည်လင်နေသောရေ၊ ဖြူဖွေးတောက်ပနေသောသဲများဖြင့်
လှပနေသော ပတ္တရားကမ်း ခြေတွင်
လေထီးစီးခြင်း ၊ ရေလွှာလျှပ် ပြေးယာဉ်များ စီးနင်းခြင်း ၊ ရေကူးအပန်းဖြေခြင်း တို့
ဖြင့်ပျော်ရွှင်လွတ်လပ်စွာ အပန်းဖြေအနား ယူနိုင်ပါသည်။ နေ့လည်စာကို
ကျွန်းပေါ်တွင်ပင်လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ် ပါသည်။ ညနေခင်းတွင် ပတ္တရားမြို့
တဆင့် ဘန်ကောက်မြို့သို့ပြန်လည်ထွက်ခွာလာပြီးညနေစာကိုထိုင်းရိုးရာစားသောက်ဆိုင်တွင်တည့်ခင်း
ကျွေးမွေး ပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်လည်ပို့ ဆောင်ပေးမည် ဖြစ်ပြီး ဟိုတယ်တွင်
အိပ်စက် အနား ယူရင်း တစ်ညတာကို ကုန်ဆုံးစေမည် ဖြစ်ပါသည်
Day 8 (19 APR 17) : Grand Palace – Wat Po (B/L/D)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော Emerald Buddha ခေါ် မြဘုရားကို
သွားရောက်ဖူးမျှော်ပြီး Grand Palace
ခေါ် အနောက်တိုင်းဗိသုကာ လက်ရာများပေါင်းစပ်ထားသော ထိုင်းဘုရင့်နန်းတော်သို့
သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်နိုင်ပါသည်။ ထို့နောက် ဘန်ကောက်မြို့နာမည်ကြီး
လျောင်းတော်မူဘုရားသို Wat PO ဘုရားကျောင်းသို့ သွား ရောက်ဖူးမျှော်ပါမည်။
MBK သို့ ပျော်ရွှင်စွာ
ဈေးဝယ်ထွက် ကြပါမည်။ ညစာကဘန်ကောက်မြို့၏အလှကို ခံစားရင်း Baiyoke Sky Dinner ဖြင့် သုံးဆောင်ပြီးနောက်
ဟိုတယ်သို့ ပြန်ကာ ပျော်ရွှင်စွာ အိပ်စက် အနားယူပါမည်။
Day 9 (20 APR 17) : Free Shopping – Yangon ( B/-/-)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဈေးဝယ်ထွက်နိုင်ရန် ကိုယ်ပိုင်အချိန်ပေးပါမည်။
ထို့နောက် ဘန်ကောက်လေဆိပ်မှ တဆင့် ဒေသစံတော်ချိန် ည ၇ နာရီတွင် စတင်ထွက်ခွာလာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ည ၈ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
တစ်ဦး လျှာင် US$ 950
ပါဝင်သော ၀န်ဆောင်မှုများ
၁။ ရန်ကုန်-ဟိုချီမင်း // ဘန်ကောက် ရန်ကုန် လေယဉ်လက်မှတ်များ
၂။ မြို့တွင်း ကြယ် (၃) ပွင့်အဆင့်ရှိ ဟိုတယ်များတွင် (၈) ည (၂ ယောက် တစ်ခန်း)
၃။ အထက်ပါ ခရီးစဉ်အတိုင်း လည်ပတ်မှုများအတွက် သီးသန့် Air Con ကား နှင့် ဒေသခံ ဧည့်လမ်းညွှန်
၎။ လည်ပတ်မှုများအတွက် ၀င်ကြေးများ
၅။ ခရီးစဉ်တွင် ပါရှိသည့်အတိုင်း B - နံနက်စာ၊ L - နေ့လည်စာ နှင့် D - ညနေစာ များ
၆။ မြန်မာ စကားပြန် ခရီးစဉ် စီစဉ် ဦးဆောင်သူ တစ်ဦး
၇။ ထိုင်းဗီဇာ ကြေးနှင့် ၀န်ဆောင်မှု (နယ်စပ်မှ ၀င်မည်ဖြစ်သဖြင့် ဗီဇာ လျှောက်ရန် လိုအပ်ပါသည်)











No comments:
Post a Comment