Sunday, April 24, 2016

Thai - Cambodia - Vietnam (9Days/8Nights) 20-28 May

          ဘန်ကောက်  -  ကမ္ဘောဒီးယား  - ဗီယက်နမ်     ( ၈ ညအိပ် / ၉ ၇က်ခရီးစဉ်)

Day 1  ( 20 MAY 16 ) :           ရန်ကုန် - ဘန်ကောက်                                                       ( - /L/D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ       Nok Air DD 4231 ဖြင့်  (08:00)နာရီတွင်စတင်ထွက်ခွာ လာပြီးနောက်(09:45)နာ၇ီတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ သို့ရောက်ရှိပါမည်။ ထို့နောက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး နောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော Emerald Buddha ခေါ် မြဘုရားကို သွားရောက်ဖူးမျှော်ပြီး Grand Palace ခေါ် အနောက် တိုင်းဗိသုကာ လက်ရာများပေါင်းစပ်ထားသော ထိုင်းဘုရင့် နန်းတော်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်နိုင်ပါသည်။ MBK  သို့ ပျော်ရွှင်စွာ ဈေးဝယ်ထွက် ကြပါမည်။ ညစာကို ဘန်ကောက်မြို့၏အလှကို ခံစားရင်း Baiyoke  Sky Dinner ဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ပျော်ရွှင်စွာ အိပ်စက် အနားယူပါမည်။

Day2 (21 MAY 16) :      Bangkok – Pattaya - Coral Island                                                   (B/L/D)


ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး ပတ္တရားကမ်းခြေသို့တိုက်ရိုက်မောင်းနှင်ပါမည်။ ထိုမှ တဆင့်  ငွေရောင်သဲဖြူ ကျွန်း (Coral Island) သို့ Speed Boat ဖြင့် သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ကြည်လင်နေသောရေ၊ ဖြူဖွေးတောက်ပနေသောသဲများဖြင့် လှပနေသော ပတ္တရားကမ်း ခြေတွင် လေထီးစီးခြင်း ၊ ရေလွှာလျှပ် ပြေးယာဉ်များ စီးနင်းခြင်း ၊ ရေကူးအပန်းဖြေခြင်း တို့ ဖြင့်ပျော်ရွှင်လွတ်လပ်စွာ အပန်းဖြေအနား ယူနိုင်ပါသည်။ နေ့လည်စာကို ကျွန်းပေါ်တွင်ပင်လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ် ပါသည်။ ညနေခင်းတွင် ထိုနောက် (မိုးမချုပ်မြို့) ဟု နာမည်တွင် သော ပတ္တရားမြို့၏ အလှကိုခံစားရင်း Alcaza Show ခေါ် Lady Boys Show သို့သွားရောက်ကြည့်ရှုကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် နာမည်ကျော် နေရာတခုဖြစ်သော Walking Street သို့ သွားရောက် လည်ပတ်ပါမည်။   ထိုနောက် ညစာကို ဒေသဆိုင်ရာ  စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ထိုညတစ်တည တာကို Hotel  တွင် ပျော်ရွှင်စွာ အိပ်စက် အနားယူပါမည်။


           


Day 3 (22 MAY 16) :       Pattaya   - Siem Reap                                                  (B/L/D)

ထိုနောက် ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှ   Poi Pet နယ်ခြားဂိတ်မှတဆင့် Siem Reap သို့ ကားဖြင့်သွားကြပါမည်။ (ကြာချိန်  ၆နာရီခန့်) ။ Siem Reap သို့ ရောက်ရှိပြီး  နေ့လည်စာ နှင့် ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးကြပါမည်။ ညစာသုံးဆောင်ပြီးနောက်  ညဈေးတန်း တွင် ပျော်ရွှင်စွာဈေးဝယ်နိုင်ရန် ကိုယ်ပိုင်အချိန်ပေးပါမည်။ ထို့နောက်    ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 4 (23 MAY 16) :        အန်ကောဝပ်                                                                 (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ၁၂ ရာစုအတွင်း (၁၁၃-၅ BC) ကမ္ဘာ့အံ့ဖွယ်များထဲမှ တစ်ခုဖြစ် သော သမိုင်းကြောင်း ရာဇ၀င် ကြီးမားခဲ့သော အန်ကောဝပ် Angkor Wat  ဘုရားကျောင်းသို့ သွား ရောက် လည်ပတ်ပါမည်။ ထိုနောက် နာမည်ကြီး နေရာတစ်ခုဖြစ်သော ကျောက်ဖြင့် ပြုလုပ်ထား သည့်မျက်နှာတော်ရှိသည့် Bayon နှင့် Ta Proham ဟုခေါ်သော ကျောင်းတော် များကိုသွားရောက်လည်ပတ်ပါမည်။နေ့လည်စာကို Local Restaurant တွင်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် Angkor Thom ၏ တောင်ဘက်
တံခါး သို့သွာရောက်လည်ပတ်ပါမည်။  ညနေစာကို  ကမ္ဘောဒီးယား လူမျိုးများ၏ ရှေးဟောင်း ယဉ်ကျေးမှုအကဖြစ်သော Apsara Ancient Khmer Kingdom’s Cultural Dance Show ကြည့်ရှု့ခံစားရင်း ညစာ သုံးဆောင်ပါမည်။ ထိုည တစ်ည တာကို  ဟိုတယ် တွင် အိပ်စက်အနားယူပါမည်။



Day 5 ( 24 MAY16):        ဆီရမ်ရိ (ပ်)  -   ဖနွမ်းပင်                                                             (B/L/D)


ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဖနွမ်းပင် မြို့ သို့ ကားဖြင့် ထွက်ခွာကြပါမည်(ကြာချိန် ၀၆:၀၀ ခန့်) ။ ထို့နောက် Phnom Penh မြို့သို့ရောက်ရှိပြီး တောင်ကုန်းလေးပေါ်တွင် တည်ရှိသော Wat Phnom ဘုရားသို့ သွားရောက် လည်ပတ်ကြပါမည်။ ထိုတောင်ကုန်းလေးမှာ ၂၇ မီတာမြင့်ပြီး သမိုင်းကြောင်းအရ Wat Phnom ဘုရားမှာ ထိုမြို့တွင် ဗုဒ္ဓဘာသာထွန်းကားခဲ့စဉ် ပထမဆုံးတည်ခဲ့သော ဘုရားဖြစ်ပြီး ဆုတောင်းပြည့် ဘုရားတစ်ဆူ လည်းဖြစ်ပါသည်။ ထို့နောက် Independence Monument, Royal Palace, Silver Pagoda (The Emerald Buddha Temple) စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။ထို့နောက် Market တွင် ဈေးဝယ်ပါမည်။ နေ့လည်စာနှင့် ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက်   ဟိုတယ်တွင် တစ်နေ့တာ ပင်ပန်းမှုအတွက် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day 6 ( 25 MAY 16):         ဖနွမ်းပင်    -  ဟိုချီမင်း -  (Cu Chi  ဥမင်လိုဏ်ခေါင်း)                           (B/L/D)



ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက်   နိုင်ငံခြားသားဧည့်သည်များစွာ စိတ်ဝင်တစားသွားရောက်ကြသည့် ဟိုချီမင်းမြို့သို့ကားဖြင့်(PublicBus)ထွက်ခွာကြပါ
မည်(ကြာချိန် ၆း၀၀ ခန့်) ။ ဟိုချီမင်းသို့ သွားရာလမ်းတွင် Cu Chi မြေအောက်ဥမင် လိုဏ်ခေါင်းသို့သွား ရောက်လေ့လာပါမည်။ ပထမဦးစွာ လိုဏ်ခေါင်း အတွင်းသို့ မ၀င်ရောက်ခင် Video ဖြင့် အသေးစိတ် ပြသပေးပါမည်။ ထို့နောက် Cu Chi မြေအောက် ဥမင် လိုဏ်ခေါင်း သည်  ကီလိုမီတာ 200 ရှည်သော အမေရိကန် - ဗီယက်နမ် စစ်ပွဲအတွင်းက ဗီယက်နမ်စစ်သားများ အသုံးပြုခဲ့သော မြောက်မြားစွာသော ထောင်ချောက် တံခါးများ ၊ လက်နက်စက်ရုံများ တည်ဆောက် ထားခြင်း၊  ဆေးရုံများ ၊ နှင့်  ချက်ပြုတ်နိုင်ရန်  မီးဖိုချောင်များ ပါရှိသည့် အတွက် အသက် ဘေးမှာ လွတ်မြောက်ရာ ခိုလုံရာ စစ်စခန်းဖြစ်သည်။ ထို စစ်သမိုင်းနေရာအတွင်း မိုင်းတွင်း နေရာများ ကိုယခုအခါ ထိုနေရာတွင် လှပသော ဒေသထွက်ကုန် စိုက်ခင်းမျိုးစုံကို ရင်သပ် ရှု့မောဖွယ် တွေ့မြင်ခံစားရပါမည်။ ၁၉၆၀ ခုနှစ် ရန်သူများကို ရှင်းလင်း အောင်ပွဲခံနိုင်ခဲ့သည့်အတွက် ထိုနေရာကို “Free Target Zone” ဟုခေါ်ထွင်ခဲ့ပါသည်။ ထို့နောက် ဟိုချီမင်းမြို့သို့ ဆက်လက် ထွက်ခွာပါမည် (ကြာချိန် ၁:၃၀ခန့်)။ ဒေသခံ စားသောက်ဆိုင်တွင် နေ့လည်စာ နှင့် ညနေစာ စားသုံးကြပါမည်။ ထိုညတစ်ညတာကို
ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 7 ( 26 MAY 16) :               ဟိုချီမင်း - My Tho                                                             (B/ L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်  ပြီးနောက်ကားဖြင့်  My Tho သို့သွားရောက်ပါမည်။ လမ်း တစ်လျှောက် ပန်ချီကား သဖွယ် လှပနေသော စပါးစိုက်ခင်း များကို မြင်တွေ့ရပါမည်။  My Tho သို့ရောက်လျှင်   မြစ်ကြောင်းတစ်လျှောက် လှေဖြင့် ပျော်ရွှင်စွာ သွားရောက်လည်ပတ်ကြပါမည်။ ဗီယက်နမ်၏ အရသာ ရှိသော ရာသီပေါ်အသီးအနှံများကို စားသုံးရင်း ဗီယက်နမ်၏ ပျော်ရွှင်ဖွယ် ကျေးလက်ရိုးရာသီချင်းများကို နားဆင်ခံစားနိုင်ပါသည်။ဒေသခံတို့၏ ကျေးလက်သဘာဝ နေထိုင် စားသောက်ပုံများ ၊ ပျား မွေးမြူရေး ၊ ကိုယ်ပိုင်အိမ်တွင်းမှု စီးပွားရေး ဖြစ်သော အုန်းသီး သကြားလုံး ထုတ်လုပ်ခြင်း  ၊လယ်ယာ စိုက်ပျိုးရေး လုပ် ငန်းများ သီးနှံစိုက်ခင်းများတွင်  အမှတ်တရ ဓါတ်ပုံများရိုက်ရင်း ဗီယက်နမ်လူမျိုးတို့၏ ရိုးရာလုပ်ငန်း များကို သိရှိနိုင်ပါသည်။ထို့နောက် ဟိုချီမင်း သို့ပြန် လည်ထွက်ခွာလာပါမည်။ မဲခေါင်မြစ်ဝ ကျွန်းပေါ်ရှိလှပသော မြင်ကွင်းအလှကို ခံစားမိချိန်တွင်  လှပသော အမှတ်တရများ  ရင်ထဲတွင် တစ်ခုခု စွဲကျန်ရစ်စေ ပါမည်။နေ့လည်စာကို Mekong Rest Stop စားသောက်ဆိုင်တွင် စားသုံးပါမည်။ ထိုခရီးစဉ်ကို လိုက်ပါနိုင်သည့် အတွက် မေ့မရသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါမည်။ ထို့နောက် ဟိုချီမင်းသို့ ပြန်လည်မောင်းနှင်ပါမည်။ အပြန်လမ်းတွင် Vinh Trang ဘုရားအား ၀င်ရောက်ဖူးမြှော်ပြီး ဗီယက်နမ်ကော်ဖီအရသာအား မြည်းစမ်းခံစားနိုင်ရန် Hacota Shopping Centre တွင် ခေတ္တာရပ်နားပါမည်။ ညနေစာကို  စားသောက်ဆိုင်  တွင် သုံးဆောင်ပါမည်။ ညပိုင်းတွင် မိမိအစီအစဉ်ဖြင့် Ben Thanh Night Market တွင်  ဈေးဝယ်ထွက်နိုင်ပါသည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 8 ( 27 MAY 16):       ဟိုချီမင်း                                                                                   (B/L/D)


ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး ဟိုချီမင်းမြို့အတွင်း ရှိ အထင်ကရနေရာများဖြစ်သော Notre Dame Cathedral ဘုရားရှိခိုးကျောင်းတော် နှင့် ရာဇ၀င်တွင်သော စာတိုက်ရုံးသို့ သွားရောက် လေ့လာပြီး၊ ဘုရင့်နန်းတော် (အပြင်ဘက်) ၊ မြို့တော်ခန်းမ(City Hall Square)နှင့် ပြဇတ်ရုံ(Opera House) တို့တွင် အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက်မှ Binh Thanh Market တွင် ဈေးဝယ်ရန် အချိန်ပေးပါမည်။ နာမည်ကြီး Hard Rock Coffee ဆိုင်နှင့် အမှတ်တရ ဓာတ်ပုံများကို ရိုက်ပြီး Sai Gon မြစ်ကြောင်းအလှအားခံစားရင်း သဘောင်္ပေါ်တွင် ညနေစာ သုံးဆောင်ပါမည်။ထိုနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးပြီး ပျော်ရွှင်အေးချမ်းစွာ အိပ်စက်အနားယူနိုင်ပါသည်။




Day 9 ( 28 MAY 16):       ဟိုချီမင်း  -  Yangon                                 (B/-/-)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Viet Jet AirLines  ( VJ 832 ) ဖြင့် ဒေသစံတော်ချိန် နံနက် ( 10:12)  နာရီတွင် စတင်ထွက်ခွာလာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (12:10)  နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

 ဈေး နှုန်း - တစ်ယောက်လျှာင် USD 950 

 UA ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးပါပြီ။



ပါဝင်သော ၀န်ဆောင်မှုများ
၁။ ရန်ကုန်- ဘန်ကောက် // ဟိုချီမင်း -  ရန်ကုန် လေယဉ်လက်မှတ်များ
၂။ မြို့တွင်း ကြယ် (၃) ပွင့်အဆင့်ရှိ ဟိုတယ်များတွင် (၈) ည (၂ ယောက် တစ်ခန်း)
၃။ အထက်ပါ ခရီးစဉ်အတိုင်း လည်ပတ်မှုများအတွက် သီးသန့် Air Con ကား နှင့် ဒေသခံ ဧည့်လမ်းညွှန်
၎။ လည်ပတ်မှုများအတွက် ၀င်ကြေးများ
၅။ ခရီးစဉ်တွင် ပါရှိသည့်အတိုင်း B - နံနက်စာ၊ L - နေ့လည်စာ နှင့် D - ညနေစာ များ
၆။ မြန်မာ စကားပြန် ခရီးစဉ် စီစဉ် ဦးဆောင်သူ တစ်ဦး

                                    
                                                                         

                

No comments:

Post a Comment