Thursday, January 26, 2017

Vietnam - Cambodia - Thailand (Overland Tour) 9 Days / 8 Nights

ဗီယက်နမ်  -  ကမ္ဘောဒီးယား  - ဘန်ကောက်   ( ၉ ညအိပ် / ၁၀ ၇က်ခရီးစဉ်)

Day 1  ( 12 APR 17 ) :           ရန်ကုန် - ဟိုချီမင်း                                                     ( -/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ        Viet Jet AirLines ဖြင့်  နေ့လည် (၁) နာရီတွင် စတင် ထွက်ခွာ လာပြီးနောက် (၃း၄၅) နာ၇ီတွင် ဟိုချီမင်း သို့ရောက်ရှိပါမည်။ ထို့နောက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီးနောက် ညစာ ကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုမှတဆင့်ဟိုတယ် တွင်အနားယူနိုင်ရန်ပို့ဆောင်ပေးပြီး ကိုယ်ပိုင်အချိန်ပေးပါမည်။

Day 2 ( 13 APR 17) :               ဟိုချီမင်း - My Tho –Ben Tre                                  (B/ L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်  ဟိုချီမင်းမြို့အတွင်း ရှိ အထင်ကရနေရာများဖြစ်သော Notre Dame Cathedral ဘုရားရှိခိုးကျောင်းတော် နှင့် ရာဇ၀င်တွင်သော စာတိုက်ရုံး ၊ ထူးခြားဆန်းပြားသော ဘုရင့်နန်းတော် သို့ သွားရောက်လေ့လာကာ အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။ ပြီးနောက် ကားဖြင့်  My Tho သို့သွားရောက်ပါမည်။ လမ်းတစ်လျှောက် ပန်ချီကား သဖွယ် လှပနေသော စပါးစိုက်ခင်းများကို မြင်တွေ့ရပါမည်။  My Tho သို့ရောက်လျှင်  Vinh Trang ဘုရားနှင့် မြစ်ကြောင်းတစ်လျှောက် လှေဖြင့် ပျော်ရွှင်စွာ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် နေ့လည်စာကို သစ်ခွ ခြံတွင် သုံးဆောင်ပါမည်။ ဗီယက်နမ်၏ အရသာ ရှိသော ရာသီပေါ်အသီးအနှံများကို စားသုံးရင်း ဗီယက်နမ်၏ ပျော်ရွှင်ဖွယ် ကျေးလက်ရိုးရာသီချင်းများကို နားဆင်ခံစားနိုင်ပါသည်။ဒေသခံတို့၏ ကျေးလက်သဘာဝ နေထိုင် စားသောက်ပုံများ ၊ ကိုယ်ပိုင်အိမ်တွင်းမှု စီးပွားရေး ဖြစ်သော အုန်းသီး သကြားလုံး ထုတ်လုပ်ခြင်း ၊ တိရစ္ဆာန် မွေးမြူရေးနှင့် သိုးထိန်းခြင်း ၊လယ်ယာ စိုက်ပျိုးရေး လုပ် ငန်းများ သီးနှံစိုက်ခင်းများတွင်  အမှတ်တရ ဓါတ်ပုံများရိုက်ရင်း ဗီယက်နမ်လူမျိုးတို့၏ ရိုးရာလုပ်ငန်း များကို သိရှိနိုင်ပါသည်။ထို့နောက် ဟိုချီမင်း သို့ပြန် လည်ထွက်ခွာလာပါမည်။ မဲခေါင်မြစ်ဝ ကျွန်းပေါ်ရှိလှပသော မြင်ကွင်းအလှကို ခံစားမိချိန်တွင်  လှပသော အမှတ်တရများ  ရင်ထဲတွင် တစ်ခုခု စွဲကျန်ရစ်စေပါမည်။ထိုခရီးစဉ်ကို လိုက်ပါနိုင်သည့် အတွက် မေ့မရသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါမည်။ ထိုနေ့ညစာ ကို ဗီယက်နမ် လူမျိုးတို့ ဒေသခံ အစားအစာဖြင့် တည်ခင်းဧည့်ခံပါမည်။ုထိုနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးပြီး ပျော်ရွှင်အေးချမ်းစွာ အိပ်စက်အနားယူနိုင်ပါသည်။



Day 3 ( 14 APR 17):       ဟိုချီမင်း  -  Cu Chi  ဥမင်လိုဏ်ခေါင်း  - ဖနွမ်းပင်                   (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်း မြို့တော်မှ ကီလိုမီတာ 60 ဝေးသော Cu Chi မြေအောက်ဥမင်လိုဏ်ခေါင်းသို့သွား ရောက်လေ့လာပါမည်။ ပထမဦးစွာ လိုဏ်ခေါင်း အတွင်းသို့မ၀င်ရောက်ခင် Video ဖြင့် အသေးစိတ် ပြသပေးပါမည်။ ထို့နောက် Cu Chi မြေအောက် ဥမင် လိုဏ်ခေါင်း သည်  ကီလိုမီတာ 200 ရှည်သော အမေရိကန် - ဗီယက်နမ် စစ်ပွဲအတွင်းကဗီယက်နမ်စစ်သားများ အသုံးပြုခဲ့သော မြောက်မြားစွာသော ထောင်ချောက် တံခါးများ ၊ လက်နက်စက်ရုံများ တည်ဆောက် ထားခြင်း၊  ဆေးရုံများ ၊ နှင့်  ချက်ပြုတ်နိုင်ရန်  မီးဖိုချောင်များ ပါရှိသည့် အတွက် အသက် ဘေးမှာ လွတ်မြောက်ရာ ခိုလုံရာ စစ်စခန်းဖြစ်သည်။ ယခုအချိန်တွင် မြစ်ကြောင်းတစ်လျှောက် ဘဲမွေး မြူရေး  နှင့် ကျွဲ နွားများ မွေးမြူရေးများကို အေးချမ်းစွာဖြင့် တွေ့မြင်ခံစားနိုင်ပါသည်။ ထို စစ်သမိုင်းနေရာအတွင်း မိုင်းတွင်း နေရာများ ကိုယခုအခါ ထိုနေရာတွင် လှပသော ဒေသထွက်ကုန် စိုက်ခင်းမျိုးစုံကို ရင်သပ် ရှု့မောဖွယ် တွေ့မြင်ခံစားရပါမည်။ ၁၉၆၀ ခုနှစ် ရန်သူများကို ရှင်းလင်း အောင်ပွဲခံနိုင်ခဲ့သည့်အတွက် ထိုနေရာကို “Free Target Zone” ဟုခေါ်ထွင်ခဲ့ပါသည်။ ထိုမှတဆင့် ဟိုချီမင်းမြို့တော်မှ ကမ္ဘောဒီယားနိုင်ငံမြို့တော် ဖနွမ်းပင် သို့ သို့ သို့ ကားဖြင့် ထွက်ခွာကြပါမည်(ခန့်မှန်း ကြာချိန် (၅ နာရီခန့်)။ ညနေပိုင်းတွင် ရောက်ရှိကြပြီး ကမ္ဘောဒီးယား လူမျိုးများ၏ ရှေးဟောင်း ယဉ်ကျေးမှုအကဖြစ်သော Apsara Ancient Khmer Kingdom’s Cultural Dance Show ကြည့်ရှု့ခံစားရင်း ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်တွင် Check In ၀င်ရောက်ကာ တစ်နေ့တာ ပင်ပန်းမှုအတွက် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

                 


Day 4 ( 15 APR 17):        ဖနွမ်းပင်  - ဆီရမ်ရိ (ပ်)                                                         (B/L/D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်  Phnom Penh မြို့၏ တောင်ကုန်းလေးပေါ်တွင် တည်ရှိသော Wat Phnom ဘုရားသို့ သွားရောက် လည်ပတ်ကြပါမည်။ ထိုတောင်ကုန်းလေးမှာ ၂၇ မီတာမြင့်ပြီး သမိုင်းကြောင်းအရ Wat Phnom ဘုရားမှာ ထိုမြို့တွင် ဗုဒ္ဓဘာသာထွန်းကားခဲ့စဉ် ပထမဆုံးတည်ခဲ့သော ဘုရားဖြစ်ပြီး ဆုတောင်းပြည့်ဘုရားတစ်ဆူ လည်းဖြစ်ပါသည်။ ထို့နောက် Royal Palace, Silver Pagoda  စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။နေ့လည်စာကို ဒေသဆိုင်ရာ Restaurant တွင်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် နိုင်ငံခြားသားဧည့်သည်များ စွာ စိတ်ဝင်တစားသွားရောက်ကြသည့် Siem Reap မြို့ သို့ ကားဖြင့် ထွက်ခွာကြပါမည်(ကြာချိန် ၅း၃၀ ခန့်) ။ ညနေပိုင်းတွင် ရောက်ရှိပြီး ဒေသခံ စားသောက်ဆိုင်တွင် ညနေစာ စားသုံးကြပါမည်။ ဟိုတယ်ကို ညဈေးတန်း အနီးတွင် စီစဉ်ထားသဖြင့် ညပိုင်းလမ်းလျှောက်ထွက်လိုသူများအတွက်လည်း အဆင်ပြေမည်ဖြစ်ပါသည်။ 




Day 5 (16 APR 17) :        အန်ကောဝပ်                                                                 (B/L/D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Angkor Thom ၏ တောင်ဘက် တံခါး သို့သွာရောက်လည်ပတ်ပါမည်။  အန်ကောဝပ် ၏နာမည်ကြီးနေရာတစ်ခုဖြစ်သော ကျောက်ဖြင့် ပြုလုပ်ထားသည့်မျက်နှာတော်ရှိသည့် Bayon နှင့် Baphuon , Phimeanakas ဟုခေါ်သော ကျောင်းတော်များကိုသွားရောက်လည်ပတ်ပါမည်။နေ့လည်စာကို Local Restaurant တွင်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ၁၂ ရာစုအတွင်း (၁၁၃-၅ BC) ကမ္ဘာ့အံ့ဖွယ်များထဲမှ တစ်ခုဖြစ် သော သမိုင်းကြောင်း ရာဇ၀င် ကြီးမားခဲ့သော အန်ကောဝပ် ဘုရားကျောင်းသို့ သွား ရောက် လည်ပတ်ပါမည်။ ပြီးနောက်  Phnom Bakheng တွင် ညနေ နေ၀င်ဆည်းဆာ အလှကို သွားရောက်ခံစားကြည့်ရှု့ပါမည်။ ညနေစာကို  ဒေသအက အလှများဖြင့် ကိုကြည့်ရှု့ခံစားရင်း ညစာသုံးဆောင်ပါမည်။ ထိုည တစ်ည တာကိုဟိုတယ် တွင် အိပ်စက်အနားယူပါမည်။


  
Day 6 (17 APR 17) :      Siem Reap  - Pattaya                                                    (B/L/D)
ထိုနောက် ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Sieam Reap မှ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေသို့  Poi Pet နယ်ခြားဂိတ်မှတဆင့် ကားဖြင့်သွားကြပါမည်(ကြာချိန်  ၆နာရီခန့်) ။  နေ့လည်စာကို ဒေသစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။ ထိုမှတဆင့် (မိုးမချုပ်မြို့) ဟု နာမည်တွင် သော ပတ္တရားမြို့၏ အလှကိုခံစားရင်း Alcaza Show ခေါ် Lady Boys Show သို့သွားရောက်ကြည့်ရှုကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထိုနောက် ညစာကို ဒေသဆိုင်ရာ  စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ထိုညတစ်တည တာကို ပျော်ရွှင်စွာ အိပ်စက် အနားယူပါမည်။




Day 7 (18 APR 17) :      Coral Island –Bangkok                                                   (B/L/D)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးပတ္တရားကမ်းခြေသို့ထွက်ခွာမည်ဖြစ်ပါသည်။ ပတ္တရားသို့ရောက် ရှိပြီးနောက် ငွေရောင်သဲဖြူကျွန်း (Coral Island) သို့ Speed Boat ဖြင့် သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ကြည်လင်နေသောရေ၊ ဖြူဖွေးတောက်ပနေသောသဲများဖြင့် လှပနေသော ပတ္တရားကမ်း ခြေတွင် လေထီးစီးခြင်း ၊ ရေလွှာလျှပ် ပြေးယာဉ်များ စီးနင်းခြင်း ၊ ရေကူးအပန်းဖြေခြင်း တို့ ဖြင့်ပျော်ရွှင်လွတ်လပ်စွာ အပန်းဖြေအနား ယူနိုင်ပါသည်။ နေ့လည်စာကို ကျွန်းပေါ်တွင်ပင်လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ် ပါသည်။ ညနေခင်းတွင် ပတ္တရားမြို့ တဆင့် ဘန်ကောက်မြို့သို့ပြန်လည်ထွက်ခွာလာပြီးညနေစာကိုထိုင်းရိုးရာစားသောက်ဆိုင်တွင်တည့်ခင်း ကျွေးမွေး ပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်လည်ပို့ ဆောင်ပေးမည် ဖြစ်ပြီး ဟိုတယ်တွင် အိပ်စက် အနား ယူရင်း တစ်ညတာကို ကုန်ဆုံးစေမည် ဖြစ်ပါသည်


Day 8  (19 APR 17) :     Grand Palace – Wat Po                                               (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော Emerald Buddha ခေါ် မြဘုရားကို သွားရောက်ဖူးမျှော်ပြီး Grand Palace ခေါ် အနောက်တိုင်းဗိသုကာ လက်ရာများပေါင်းစပ်ထားသော ထိုင်းဘုရင့်နန်းတော်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်နိုင်ပါသည်။ ထို့နောက် ဘန်ကောက်မြို့နာမည်ကြီး လျောင်းတော်မူဘုရားသို Wat  PO ဘုရားကျောင်းသို့ သွား ရောက်ဖူးမျှော်ပါမည်။ MBK  သို့ ပျော်ရွှင်စွာ ဈေးဝယ်ထွက် ကြပါမည်။ ညစာကဘန်ကောက်မြို့၏အလှကို ခံစားရင်း Baiyoke  Sky Dinner ဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ပျော်ရွှင်စွာ အိပ်စက် အနားယူပါမည်။

  
Day 9 (20 APR 17) : Free Shopping – Yangon                                                    ( B/-/-)


ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်  ဈေးဝယ်ထွက်နိုင်ရန် ကိုယ်ပိုင်အချိန်ပေးပါမည်။ ထို့နောက်  ဘန်ကောက်လေဆိပ်မှ တဆင့်  ဒေသစံတော်ချိန် ည ၇ နာရီတွင် စတင်ထွက်ခွာလာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၈ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

 တစ်ဦး လျှာင် US$ 950 

ပါဝင်သော ၀န်ဆောင်မှုများ
၁။ ရန်ကုန်-ဟိုချီမင်း // ဘန်ကောက် ရန်ကုန် လေယဉ်လက်မှတ်များ
၂။ မြို့တွင်း ကြယ် (၃) ပွင့်အဆင့်ရှိ ဟိုတယ်များတွင် (၈) ည (၂ ယောက် တစ်ခန်း)
၃။ အထက်ပါ ခရီးစဉ်အတိုင်း လည်ပတ်မှုများအတွက် သီးသန့် Air Con ကား နှင့် ဒေသခံ ဧည့်လမ်းညွှန်
၎။ လည်ပတ်မှုများအတွက် ၀င်ကြေးများ
၅။ ခရီးစဉ်တွင် ပါရှိသည့်အတိုင်း B - နံနက်စာ၊ L - နေ့လည်စာ နှင့် D - ညနေစာ များ
၆။ မြန်မာ စကားပြန် ခရီးစဉ် စီစဉ် ဦးဆောင်သူ တစ်ဦး
၇။ ထိုင်းဗီဇာ ကြေးနှင့် ၀န်ဆောင်မှု (နယ်စပ်မှ ၀င်မည်ဖြစ်သဖြင့် ဗီဇာ လျှောက်ရန် လိုအပ်ပါသည်)

Friday, August 12, 2016

Ho Chi Minh - Hanoi - Halong Bay (6Days 5Nights) 16-21 October

ဟိုချီမင်း - ဟနွိုင်း- ဟလောင်းဘေးခရီးစဉ် (   ၅ ညအိပ် /  ၆ ၇က်ခရီးစဉ်)
(16-21 October 2016)


Day 1   :           ရန်ကုန် - ဟိုချီမင်း                                                                                     ( -/-/D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ       Vietnam Airlines ဖြင့်  နေ့လည် (၁၂း၁၀) နာရီတွင် စတင် ထွက်ခွာလာပြီးနောက် (၃း၀၀) နာ၇ီတွင် ဟိုချီမင်းနိုင်ငံ Tan Son Nhat International လေဆိပ် သို့ရောက်ရှိပါမည်။ ထို့နောက် ဒေသခံဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီးနောက် ဟိုတယ်သို့ Check In ၀င်ရောက်ပါမည်။ ခေတ္တ အနား ယူပြီးနောက် ညစာ ကို ဆိုင်ဂုံမြစ်အလှကိုခံစားရင်းသင်္ဘောပေါ် တွင်  တေးသံသာ များနားဆင်ရင်း ညနေစာ သုံးဆောင်ပါမည်။ ထိုမှတဆင့် ဟိုတယ် တွင်အနား ယူနိုင် ရန် ပို့ဆောင်ပေးပြီးတစ်ညတာကိုအိပ်စက်အနားယူပါမည်။
  

Day 2  :               Mekong Delta -  My Tho                                (B/ L/D) 
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် My Tho သို့သွား ရောက်ပါမည်။ထို့နောက်  လမ်းတစ်လျှောက် ပန်ချီ ကား သဖွယ် လှပနေသောစပါးစိုက်ခင်းများကို မြင် တွေ့ရ ပါမည်။  My Thoသို့ရောက် လျှင်  VinhTrang ဘုရား နှင့် မဲခေါင်မြစ်ဝှမ်း အတွင်းရေပေါ်ဈေးမဲခေါင်ရိုးရာအိမ်လေးများကို လှေဖြင့် ပျော်ရွှင် စွာသွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် နေ့လည်စာကိုသစ်ခွ ခြံတွင် သုံးဆောင်ပါမည်။ ဗီယက်နမ်၏ အရသာရှိသော ရာသီပေါ် အသီးအနှံ များကို စားသုံးရင်းဗီယက်နမ်၏ ပျော်ရွှင်ဖွယ် ကျေးလက ရိုးရာသီချင်းများကိုနားဆင်ခံစားနိုင်ပါသည်။ဒေသခံတို့၏ ကျေးလက် သဘာဝ နေထိုင် စားသောက်ပုံများ ၊ ကိုယ်ပိုင်အိမ်တွင်းမှု စီးပွားရေး ဖြစ်သောအုန်းသီးသကြားလုံးထုတ်လုပ်ခြင်း ၊ တိရစ္ဆာန် မွေးမြူရေးနှင့် သိုးထိန်းခြင်း ၊လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများသီးနှံစိုက်ခင်း များတွင်  အမှတ်တရ ဓါတ်ပုံ များ ရိုက်ရင်းဗီယက်နမ်လူမျိုးတို့၏ ရိုးရာ လုပ်ငန်း များကိုသိရှိနိုင်ပါသည်။ထို့နောက် ဟိုချီမင်းသို့ပြန် လည် ထွက်ခွာ လာပါမည်။ မဲခေါင်မြစ်ဝ ကျွန်းပေါ်ရှိလှပသော မြင်ကွင်းအလှ ကိုခံစားမိချိန် တွင်  လှပ သောအမှတ်တရများ  ရင်ထဲတွင် တစ်ခုခု စွဲကျန်ရစ် စေပါမည်။ထိုခရီးစဉ်ကိုလိုက်ပါနိုင်သည့် အတွက် မေ့မရသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပါမည်။ ထိုနေ့ညစာကိုဗီယက်နမ် လူမျိုးတို့ ဒေသခံအစားအစာဖြင့် တည်ခင်းဧည့်ခံပါမည်။ုထိုနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင် ပေးပြီးပျော်ရွှင် အေးချမ်းစွာ အိပ်စက်အနားယူနိုင်ပါသည်။




Day 3 :        Cu Chi  ဥမင်လိုဏ်ခေါင်း  - ဟနွိုင်း မြို့                 (B/L/D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်  ဟိုချီမင်း မြို့တော်မှ ကီလိုမီတာ 60 ဝေးသော Cu Chi မြေအောက်ဥမင် လိုဏ်ခေါင်းသို့ သွား ရောက် လေ့လာပါမည်။ ပထမဦးစွာ လိုဏ်ခေါင်းအတွင်း သို့မ၀င်ရောက်ခင် Video ဖြင့် အသေးစိတ် ပြသပေးပါမည်။ ထို့နောက် Cu Chi မြေအောက် ဥမင် လိုဏ်ခေါင်းသည်  ကီလိုမီတာ 200 ရှည်သော အမေရိကန် - ဗီယက်နမ် စစ်ပွဲအတွင်းကဗီယက်နမ် စစ်သားများ အသုံးပြုခဲ့သောမြောက်မြားစွာသောထောင်ချောက် တံခါးများ ၊ လက်နက်စက်ရုံများတည်ဆောက် ထားခြင်း၊  ဆေးရုံများ ၊ နှင့်  ချက်ပြုတ်နိုင်ရန်  မီးဖိုချောင်များပါရှိသည့် အတွက် အသက် ဘေးမှာ လွတ်မြောက်ရာခိုလုံရာစစ်စခန်းဖြစ်သည်။ ယခုအချိန်တွင် မြစ်ကြောင်းတစ်လျှောက် ဘဲမွေး မြူရေး  နှင့် ကျွဲ နွားများမွေးမြူရေးများကိုအေးချမ်းစွာဖြင့် တွေ့မြင်ခံစားနိုင်ပါသည်။ ထိုစစ်သမိုင်းနေရာ အတွင်းမိုင်းတွင်း နေရာများကိုယခုအခါ ထိုနေရာတွင် လှပသောဒေသထွက်ကုန် စိုက်ခင်းမျိုးစုံကိုရင်သပ် ရှု့မောဖွယ် တွေ့မြင်ခံစားရပါမည်။နေ့လည်စာကို  Vietnamese Pho Noodles & Fried Spring Rolls ဖြင့်နေ့လည်စာသုံးဆောင်ပါမည်။ဟိုချီမင်းမြို့အတွင်းရှိအထင်ကရနေရာများဖြစ်သော Notre Dame Cathedral ဘုရားရှိခိုး ကျောင်းတော် နှင့် ရာဇ၀င်တွင်သောစာတိုက်ရုံး၊ထူးခြား ဆန်းပြား သော ဘုရင့် နန်းတော်သို့ သွားရောက် လေ့လာကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကြ ပါမည်။ ထို့နောက် လေဆိပ်သို့ ကားဖြင့်သွားကာ ညနေ (၅ နာရီ) ထွက်သည့် Vietnam Airline ဖြင့်ဟနွိုင်းရှိNoiBai  International လေဆိပ် သို့ရောက် ရှိပါမည် ။ ညနေစာကို ဒေသခံစားသောက်ဆိုင် တွင်သုံးဆောင်ပြီးနောက် ဟိုတယ် တွင် Check In ၀င်ရောက်ကာ တစ်နေ့တာ အတွက် အေးချမ်းစွာအိပ်စက်အနားယူပါမည်။



Day 4 :   ဟနွိုင်း - ဟလောင်း ပင်လယ်အော် - အပျော်သင်္ဘောစီး                                                    (B/L/D)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် စပါးခင်းများစွာဖြင့်လှပလျှက်ရှိသည့် Red River မြစ်ဝကျွန်းပေါ်ဒေသရှိ  ဟလောင်းပင်လယ်ကွေ့သို့ စတင်ထွက်ခွာပါမည်။ ကားဖြင့် (၄) နာရီခန့် သွားပြီး ဟလောင်းပင်လယ်ကွေ့ ရောက်လျှင်သင်္ဘောပေါ်မှ Welcome Drink ဖြင့် ကြိုဆိုပြီးနောက် ဟလောင်း ပင်လယ်အော်တစ်လျှောက်သင်္ဘောဖြင့် စတင်ထွက်ခွာပါမည်။ နေ့လည်စာကို ပင်လယ်စာ ဖြင့် တည်ခင်းဧည့်ခံပါမည်။ ထုံးကျောက်ဂူများဖြစ်သော  ( Dihn Island , Ga Choi Island ,Sail Island ) စသောအလွန်လှပသော ကျွန်းအလှကိုခံစားရင်းနေ့လည်စာသုံးတောင်ပါမည်။ ဖြတ်သန်းပြီး ကမ္ဘာ အမွေအနှစ်အဖြစ် UNESCO မှတ်တမ်းဝင်လှပသောကျွန်းစုများကိုခံစားပြီး ညစာကိုပင်လယ်စာဖြင့် ဧည့်ခံပါမည်။ ညစာသုံးဆောင်ပြီးနောက် ငါးမျှားခြင်းများပြုလုပ်ရင်းထိုညတစ်ညတာကိုသင်္ဘောပေါ်တွင် အေးချမ်းစွာ အိပ်စက်အနားယူရင်း ကုန်ဆုံးပါမည်။



Day 5 :       ဟလောင်းပင်လယ်အော် - ဟနွိုင်း -  Water Puppet Show(B/L/D)
နံနက်စာကိုသင်္ဘောပေါ်တွင် Light food များဖြစ်သောလ္ဘက်ရည် ၊ ကော်ဖီ ၊ ကိတ် ၊ အသီးများဖြင့် ဧည့်ခံပါမည်။ ထို့နောက် ရေပတ်လည်ဝန်းရံထားသော ကျွန်းများသို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို လတ်ဆက်သော ပင်လယ် စာဖြင့် တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ဟနွိုင်းသို့ပြန်လာကာပျော်ရွှင်ဖွယ် Water Puppet Show  ( ရေပေါ်ရုပ်သေးရုပ်ပွဲ ) သွားရောက်ကြည့်ရှု့ပြီးနောက် ညစာကို  Local Restaurant တွင် တည်ခင်းဧည့်ခံပါမည်။ ထိုညတစ်ညတာကို ဟနွိုင်း ဟိုတယ် တွင်  အေးချမ်းစွာအိပ်စက်အနားယူပါမည်။


 Day 6  :  ဟနွိုင်း - ရန်ကုန်                                               ( B/L/-)
 ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်   Ba Dinh,Mausoleum, His House , Pillar pagoda ,HoanKiem Lake , The Hac Bridge , Ngoc Son Tampleတို့ကိုသွားရောက် လည်ပတ်ပါမည်။ ထို့နောက့် Tan Son Nhat International လေဆိပ်ဒေသစံတော်ချိန် ညနေ (၄း၅၀) နာရီတွင် စတင်ထွက်ခွာလာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ (၆း၁၀) နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။


 ဈေး နှုန်း တစ်ယောက်လျှင်  USD 790 
ပါဝင်သော ၀န်ဆောင်မှုများ
၁။ ရန်ကုန်-ဟိုချီမင်း -ဟနွိုင်း -ရန်ကုန် လေယဉ်လက်မှတ်များ (Vietnam Airlines)
၂။ မြို့တွင်း ကြယ် (၃) ပွင့်အဆင့်ရှိဟိုတယ်များတွင် (၅) ည (၂ ယောက် တစ်ခန်း)
၃။ အထက်ပါ ခရီးစဉ်အတိုင်းလည်ပတ်မှုများအတွက် သီးသန့် Air Con ကား နှင့် ဒေသခံဧည့်လမ်းညွှန်
၎။ လည်ပတ်မှုများအတွက် ၀င်ကြေးများ
၅။ ခရီးစဉ်တွင် ပါရှိသည့်အတိုင်း B - နံနက်စာ၊ L - နေ့လည်စာ နှင့် D - ညနေစာများ
၆။ မြန်မာစကားပြန် ခရီးစဉ် စီစဉ် ဦးဆောင်သူတစ်ဦး

Sunday, April 24, 2016

Thai - Cambodia - Vietnam (9Days/8Nights) 20-28 May

          ဘန်ကောက်  -  ကမ္ဘောဒီးယား  - ဗီယက်နမ်     ( ၈ ညအိပ် / ၉ ၇က်ခရီးစဉ်)

Day 1  ( 20 MAY 16 ) :           ရန်ကုန် - ဘန်ကောက်                                                       ( - /L/D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ       Nok Air DD 4231 ဖြင့်  (08:00)နာရီတွင်စတင်ထွက်ခွာ လာပြီးနောက်(09:45)နာ၇ီတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ သို့ရောက်ရှိပါမည်။ ထို့နောက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး နောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော Emerald Buddha ခေါ် မြဘုရားကို သွားရောက်ဖူးမျှော်ပြီး Grand Palace ခေါ် အနောက် တိုင်းဗိသုကာ လက်ရာများပေါင်းစပ်ထားသော ထိုင်းဘုရင့် နန်းတော်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်နိုင်ပါသည်။ MBK  သို့ ပျော်ရွှင်စွာ ဈေးဝယ်ထွက် ကြပါမည်။ ညစာကို ဘန်ကောက်မြို့၏အလှကို ခံစားရင်း Baiyoke  Sky Dinner ဖြင့် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ ပျော်ရွှင်စွာ အိပ်စက် အနားယူပါမည်။

Day2 (21 MAY 16) :      Bangkok – Pattaya - Coral Island                                                   (B/L/D)


ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး ပတ္တရားကမ်းခြေသို့တိုက်ရိုက်မောင်းနှင်ပါမည်။ ထိုမှ တဆင့်  ငွေရောင်သဲဖြူ ကျွန်း (Coral Island) သို့ Speed Boat ဖြင့် သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ကြည်လင်နေသောရေ၊ ဖြူဖွေးတောက်ပနေသောသဲများဖြင့် လှပနေသော ပတ္တရားကမ်း ခြေတွင် လေထီးစီးခြင်း ၊ ရေလွှာလျှပ် ပြေးယာဉ်များ စီးနင်းခြင်း ၊ ရေကူးအပန်းဖြေခြင်း တို့ ဖြင့်ပျော်ရွှင်လွတ်လပ်စွာ အပန်းဖြေအနား ယူနိုင်ပါသည်။ နေ့လည်စာကို ကျွန်းပေါ်တွင်ပင်လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ် ပါသည်။ ညနေခင်းတွင် ထိုနောက် (မိုးမချုပ်မြို့) ဟု နာမည်တွင် သော ပတ္တရားမြို့၏ အလှကိုခံစားရင်း Alcaza Show ခေါ် Lady Boys Show သို့သွားရောက်ကြည့်ရှုကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် နာမည်ကျော် နေရာတခုဖြစ်သော Walking Street သို့ သွားရောက် လည်ပတ်ပါမည်။   ထိုနောက် ညစာကို ဒေသဆိုင်ရာ  စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ထိုညတစ်တည တာကို Hotel  တွင် ပျော်ရွှင်စွာ အိပ်စက် အနားယူပါမည်။


           


Day 3 (22 MAY 16) :       Pattaya   - Siem Reap                                                  (B/L/D)

ထိုနောက် ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှ   Poi Pet နယ်ခြားဂိတ်မှတဆင့် Siem Reap သို့ ကားဖြင့်သွားကြပါမည်။ (ကြာချိန်  ၆နာရီခန့်) ။ Siem Reap သို့ ရောက်ရှိပြီး  နေ့လည်စာ နှင့် ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးကြပါမည်။ ညစာသုံးဆောင်ပြီးနောက်  ညဈေးတန်း တွင် ပျော်ရွှင်စွာဈေးဝယ်နိုင်ရန် ကိုယ်ပိုင်အချိန်ပေးပါမည်။ ထို့နောက်    ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 4 (23 MAY 16) :        အန်ကောဝပ်                                                                 (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ၁၂ ရာစုအတွင်း (၁၁၃-၅ BC) ကမ္ဘာ့အံ့ဖွယ်များထဲမှ တစ်ခုဖြစ် သော သမိုင်းကြောင်း ရာဇ၀င် ကြီးမားခဲ့သော အန်ကောဝပ် Angkor Wat  ဘုရားကျောင်းသို့ သွား ရောက် လည်ပတ်ပါမည်။ ထိုနောက် နာမည်ကြီး နေရာတစ်ခုဖြစ်သော ကျောက်ဖြင့် ပြုလုပ်ထား သည့်မျက်နှာတော်ရှိသည့် Bayon နှင့် Ta Proham ဟုခေါ်သော ကျောင်းတော် များကိုသွားရောက်လည်ပတ်ပါမည်။နေ့လည်စာကို Local Restaurant တွင်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် Angkor Thom ၏ တောင်ဘက်
တံခါး သို့သွာရောက်လည်ပတ်ပါမည်။  ညနေစာကို  ကမ္ဘောဒီးယား လူမျိုးများ၏ ရှေးဟောင်း ယဉ်ကျေးမှုအကဖြစ်သော Apsara Ancient Khmer Kingdom’s Cultural Dance Show ကြည့်ရှု့ခံစားရင်း ညစာ သုံးဆောင်ပါမည်။ ထိုည တစ်ည တာကို  ဟိုတယ် တွင် အိပ်စက်အနားယူပါမည်။



Day 5 ( 24 MAY16):        ဆီရမ်ရိ (ပ်)  -   ဖနွမ်းပင်                                                             (B/L/D)


ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဖနွမ်းပင် မြို့ သို့ ကားဖြင့် ထွက်ခွာကြပါမည်(ကြာချိန် ၀၆:၀၀ ခန့်) ။ ထို့နောက် Phnom Penh မြို့သို့ရောက်ရှိပြီး တောင်ကုန်းလေးပေါ်တွင် တည်ရှိသော Wat Phnom ဘုရားသို့ သွားရောက် လည်ပတ်ကြပါမည်။ ထိုတောင်ကုန်းလေးမှာ ၂၇ မီတာမြင့်ပြီး သမိုင်းကြောင်းအရ Wat Phnom ဘုရားမှာ ထိုမြို့တွင် ဗုဒ္ဓဘာသာထွန်းကားခဲ့စဉ် ပထမဆုံးတည်ခဲ့သော ဘုရားဖြစ်ပြီး ဆုတောင်းပြည့် ဘုရားတစ်ဆူ လည်းဖြစ်ပါသည်။ ထို့နောက် Independence Monument, Royal Palace, Silver Pagoda (The Emerald Buddha Temple) စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။ထို့နောက် Market တွင် ဈေးဝယ်ပါမည်။ နေ့လည်စာနှင့် ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက်   ဟိုတယ်တွင် တစ်နေ့တာ ပင်ပန်းမှုအတွက် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day 6 ( 25 MAY 16):         ဖနွမ်းပင်    -  ဟိုချီမင်း -  (Cu Chi  ဥမင်လိုဏ်ခေါင်း)                           (B/L/D)



ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပြီးနောက်   နိုင်ငံခြားသားဧည့်သည်များစွာ စိတ်ဝင်တစားသွားရောက်ကြသည့် ဟိုချီမင်းမြို့သို့ကားဖြင့်(PublicBus)ထွက်ခွာကြပါ
မည်(ကြာချိန် ၆း၀၀ ခန့်) ။ ဟိုချီမင်းသို့ သွားရာလမ်းတွင် Cu Chi မြေအောက်ဥမင် လိုဏ်ခေါင်းသို့သွား ရောက်လေ့လာပါမည်။ ပထမဦးစွာ လိုဏ်ခေါင်း အတွင်းသို့ မ၀င်ရောက်ခင် Video ဖြင့် အသေးစိတ် ပြသပေးပါမည်။ ထို့နောက် Cu Chi မြေအောက် ဥမင် လိုဏ်ခေါင်း သည်  ကီလိုမီတာ 200 ရှည်သော အမေရိကန် - ဗီယက်နမ် စစ်ပွဲအတွင်းက ဗီယက်နမ်စစ်သားများ အသုံးပြုခဲ့သော မြောက်မြားစွာသော ထောင်ချောက် တံခါးများ ၊ လက်နက်စက်ရုံများ တည်ဆောက် ထားခြင်း၊  ဆေးရုံများ ၊ နှင့်  ချက်ပြုတ်နိုင်ရန်  မီးဖိုချောင်များ ပါရှိသည့် အတွက် အသက် ဘေးမှာ လွတ်မြောက်ရာ ခိုလုံရာ စစ်စခန်းဖြစ်သည်။ ထို စစ်သမိုင်းနေရာအတွင်း မိုင်းတွင်း နေရာများ ကိုယခုအခါ ထိုနေရာတွင် လှပသော ဒေသထွက်ကုန် စိုက်ခင်းမျိုးစုံကို ရင်သပ် ရှု့မောဖွယ် တွေ့မြင်ခံစားရပါမည်။ ၁၉၆၀ ခုနှစ် ရန်သူများကို ရှင်းလင်း အောင်ပွဲခံနိုင်ခဲ့သည့်အတွက် ထိုနေရာကို “Free Target Zone” ဟုခေါ်ထွင်ခဲ့ပါသည်။ ထို့နောက် ဟိုချီမင်းမြို့သို့ ဆက်လက် ထွက်ခွာပါမည် (ကြာချိန် ၁:၃၀ခန့်)။ ဒေသခံ စားသောက်ဆိုင်တွင် နေ့လည်စာ နှင့် ညနေစာ စားသုံးကြပါမည်။ ထိုညတစ်ညတာကို
ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 7 ( 26 MAY 16) :               ဟိုချီမင်း - My Tho                                                             (B/ L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်  ပြီးနောက်ကားဖြင့်  My Tho သို့သွားရောက်ပါမည်။ လမ်း တစ်လျှောက် ပန်ချီကား သဖွယ် လှပနေသော စပါးစိုက်ခင်း များကို မြင်တွေ့ရပါမည်။  My Tho သို့ရောက်လျှင်   မြစ်ကြောင်းတစ်လျှောက် လှေဖြင့် ပျော်ရွှင်စွာ သွားရောက်လည်ပတ်ကြပါမည်။ ဗီယက်နမ်၏ အရသာ ရှိသော ရာသီပေါ်အသီးအနှံများကို စားသုံးရင်း ဗီယက်နမ်၏ ပျော်ရွှင်ဖွယ် ကျေးလက်ရိုးရာသီချင်းများကို နားဆင်ခံစားနိုင်ပါသည်။ဒေသခံတို့၏ ကျေးလက်သဘာဝ နေထိုင် စားသောက်ပုံများ ၊ ပျား မွေးမြူရေး ၊ ကိုယ်ပိုင်အိမ်တွင်းမှု စီးပွားရေး ဖြစ်သော အုန်းသီး သကြားလုံး ထုတ်လုပ်ခြင်း  ၊လယ်ယာ စိုက်ပျိုးရေး လုပ် ငန်းများ သီးနှံစိုက်ခင်းများတွင်  အမှတ်တရ ဓါတ်ပုံများရိုက်ရင်း ဗီယက်နမ်လူမျိုးတို့၏ ရိုးရာလုပ်ငန်း များကို သိရှိနိုင်ပါသည်။ထို့နောက် ဟိုချီမင်း သို့ပြန် လည်ထွက်ခွာလာပါမည်။ မဲခေါင်မြစ်ဝ ကျွန်းပေါ်ရှိလှပသော မြင်ကွင်းအလှကို ခံစားမိချိန်တွင်  လှပသော အမှတ်တရများ  ရင်ထဲတွင် တစ်ခုခု စွဲကျန်ရစ်စေ ပါမည်။နေ့လည်စာကို Mekong Rest Stop စားသောက်ဆိုင်တွင် စားသုံးပါမည်။ ထိုခရီးစဉ်ကို လိုက်ပါနိုင်သည့် အတွက် မေ့မရသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါမည်။ ထို့နောက် ဟိုချီမင်းသို့ ပြန်လည်မောင်းနှင်ပါမည်။ အပြန်လမ်းတွင် Vinh Trang ဘုရားအား ၀င်ရောက်ဖူးမြှော်ပြီး ဗီယက်နမ်ကော်ဖီအရသာအား မြည်းစမ်းခံစားနိုင်ရန် Hacota Shopping Centre တွင် ခေတ္တာရပ်နားပါမည်။ ညနေစာကို  စားသောက်ဆိုင်  တွင် သုံးဆောင်ပါမည်။ ညပိုင်းတွင် မိမိအစီအစဉ်ဖြင့် Ben Thanh Night Market တွင်  ဈေးဝယ်ထွက်နိုင်ပါသည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 8 ( 27 MAY 16):       ဟိုချီမင်း                                                                                   (B/L/D)


ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး ဟိုချီမင်းမြို့အတွင်း ရှိ အထင်ကရနေရာများဖြစ်သော Notre Dame Cathedral ဘုရားရှိခိုးကျောင်းတော် နှင့် ရာဇ၀င်တွင်သော စာတိုက်ရုံးသို့ သွားရောက် လေ့လာပြီး၊ ဘုရင့်နန်းတော် (အပြင်ဘက်) ၊ မြို့တော်ခန်းမ(City Hall Square)နှင့် ပြဇတ်ရုံ(Opera House) တို့တွင် အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက်မှ Binh Thanh Market တွင် ဈေးဝယ်ရန် အချိန်ပေးပါမည်။ နာမည်ကြီး Hard Rock Coffee ဆိုင်နှင့် အမှတ်တရ ဓာတ်ပုံများကို ရိုက်ပြီး Sai Gon မြစ်ကြောင်းအလှအားခံစားရင်း သဘောင်္ပေါ်တွင် ညနေစာ သုံးဆောင်ပါမည်။ထိုနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးပြီး ပျော်ရွှင်အေးချမ်းစွာ အိပ်စက်အနားယူနိုင်ပါသည်။




Day 9 ( 28 MAY 16):       ဟိုချီမင်း  -  Yangon                                 (B/-/-)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Viet Jet AirLines  ( VJ 832 ) ဖြင့် ဒေသစံတော်ချိန် နံနက် ( 10:12)  နာရီတွင် စတင်ထွက်ခွာလာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (12:10)  နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

 ဈေး နှုန်း - တစ်ယောက်လျှာင် USD 950 

 UA ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးပါပြီ။



ပါဝင်သော ၀န်ဆောင်မှုများ
၁။ ရန်ကုန်- ဘန်ကောက် // ဟိုချီမင်း -  ရန်ကုန် လေယဉ်လက်မှတ်များ
၂။ မြို့တွင်း ကြယ် (၃) ပွင့်အဆင့်ရှိ ဟိုတယ်များတွင် (၈) ည (၂ ယောက် တစ်ခန်း)
၃။ အထက်ပါ ခရီးစဉ်အတိုင်း လည်ပတ်မှုများအတွက် သီးသန့် Air Con ကား နှင့် ဒေသခံ ဧည့်လမ်းညွှန်
၎။ လည်ပတ်မှုများအတွက် ၀င်ကြေးများ
၅။ ခရီးစဉ်တွင် ပါရှိသည့်အတိုင်း B - နံနက်စာ၊ L - နေ့လည်စာ နှင့် D - ညနေစာ များ
၆။ မြန်မာ စကားပြန် ခရီးစဉ် စီစဉ် ဦးဆောင်သူ တစ်ဦး

                                    
                                                                         

                

Tuesday, March 22, 2016

Bangkok - Pattaya - Ayutthaya

ဘန်ကောက် - ပတ္တယား - အယုဒ္ဒယ ( ၄ ညအိပ် / ၅ ရက် )


Day 1 ( 11 Apr 16)း  ရန်ကုန် - ဘန်ကောက် - နွန်နွတ်ပန်းဥယျာဉ် -  ပတ္တရား            (-/L/D)    
 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Myanmar National Airline   ဖြင့်  နံနက် (၀၆း၄၀) နာရီတွင်  ခရီးစဉ်ခေါင်းဆောင် နှင့်အတူစတင် ထွက်ခွာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဒေသစံတော်ချိန် နံနက်(၀၈း၁၀) တွင် ဆိုက်ရောက်ပါမည်။ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန် မှလာရောက် ကြိုဆိုပြီးနောက် ပတ္တရား သို့ ကားဖြင့်သွားကြပါမည်။ လမ်းတွင် ပန်းပင်ပေါင်းမျိုးစုံစွာစိုက်ပျိုးပြသထားသော နွန်းနွတ် ယုက္ခဗေဒဥယျာဉ်သို့ လည်ပတ်ကြပါမည်။ ထိုင်းရိုးရာ ပြဇာတ်ကို ကြည့်ရှုကြပြီး နေ့လည်စာကို ပန်းခြံထဲတွင် သုံးဆောင်ကြပါမည်။ ထို့နောက် (မိုးမချုပ်မြို့) ဟု နာမည်တွင် သော ပတ္တရားမြို့သို့ ဆက်လက်ခရီးဆက်ကြပါမည်။ ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါည်။ ထိုညတစ်ညတာကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

  



Day2 ( 12 Apr 16)   :    ပတ္တရား - သဲဖြူကျွန်း - Arts in Paradise - ဘန်ကောက်             (B/L/D)
  ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးပတ္တရားကမ်းခြေသို့ထွက်ခွာမည်ဖြစ်ပါသည်။ ပတ္တရားသို့ရောက် ရှိပြီးနောက် ငွေရောင်သဲဖြူကျွန်း (Coral Island) သို့ Speed Boat ဖြင့် သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ကြည်လင်နေသောရေ၊ ဖြူဖွေးတောက်ပနေသောသဲများဖြင့် လှပနေသော ပတ္တရားကမ်း ခြေတွင် လေထီးစီးခြင်း ၊ ရေလွှာလျှပ် ပြေးယာဉ်များ စီးနင်းခြင်း ၊ ရေကူးအပန်းဖြေခြင်း တို့ ဖြင့်ပျော်ရွှင်လွတ်လပ်စွာ အပန်းဖြေအနား ယူနိုင်ပါသည်။ နေ့လည်စာကို ကျွန်းပေါ်တွင်ပင်လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ် ပါသည်။ ညနေခင်းတွင် ပတ္တရားမြို့သို့ Speed Boat ဖြင့် ပြန်လည်ထွက်ခွာလာပြီး အလှဓါတ်ပုံမျိုးစုံ ရိုက်ကူးနိုင်သည့် Art in Paradise သို့ လည်ပတ်ကြပါမည်။ ထို့နောက် ကားဖြင့် ဘန်ကောက်သို့ သွားကြပါမည်။ ညနေစာကို စားသောက်ဆိုင်တွင် စားသောက်ပြီး ဟိုတယ်တွင် ညအိပ်ကြပါမည်။


Day 3 (13-April-2016):    မြဘုရား - ဘုရင့်နန်းတော် - အယုဒ္ဒယ                                (B/L/D)
   ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ထိုင်းနိုင်ငံ၏ တန်ခိုး ကြီးဘုရား တစ်ဆူဖြစ်သော Emerald Buddha ခေါ် မြဘုရားကို သွားရောက်ဖူးမျှော်ပြီး Grand Palace ခေါ် အနောက်တိုင်းဗိသုကာ လက်ရာများပေါင်းစပ်ထားသော ထိုင်းဘုရင့်နန်းတော်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်နိုင်ပါသည်။ နေ့လည်စာကို ဘူဖေး ပုံစံ အစားအစာ စုံလင်စွာဖြင့် ဧည့်ခံပါမည်။ထို့ နောက် အယုဒ္ဒယ မြို့ ဟောင်းသို့ သွားရောက်လည်ပတ်ကြပါမည်။ ညနေစာကို စားသောက်ဆိုင်တွင်စားသောက်ပြီး ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

Day 4 ( 14 Apr 16)  :    ဘန်ကောက်  ( Dream World )                                        (B/L/D)   ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ကစားနည်းများပေါင်းဆုံရာ Dream World သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကိုအဝစားဘူဖေးဖြင့် Dream World ထဲ၌ပင် တည်ခင်းဧည့်ခံပါမည်။ Dream World ထဲရှိ Snow Town အပါအ၀င်စိတ်ဝင်စားဖွယ် ကစားနည်းမျိုးစုံကစားခြင်း၊ ရှုခင်းများလှည့်လည်ကြည့်ရှုခြင်း၊ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများရိုက်ခြင်း၊ 4D ရုပ်ရှင်ကိုကြည့် ရှုခံစားခြင်းများကိုလွတ်လပ်စွာပြုလုပ်ပြီး ပျော်ရွှင်စွာကစားပြီးပါက MBK Shopping Center တွင်လည်ပတ်ဈေးဝယ်ကြပါမည်။ ညနေစာကို ဘန်ကောက်မြို့ရှိအမြင့်ဆုံးဟိုတယ် Baiyoke Sky တွင် နိုင်ငံတကာဘူဖေး အစားအသောက် စုံလင်စွာ စားသောက်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူမည် ဖြစ်ပါသည်။



Day 5 ( 15 Apr 16) : ဘန်ကောက် ( Safari World )  - ရန်ကုန်
       ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး  Safari World and Marine Park သို့ထွက်ခွာပါမည်။ တိရိစ္ဆာန်ဥယျာဉ်အတွင်းရှိ တောလည် ခရီးဟု အမည်ပေးထားသော Safari Park အတွင်းတွင်ရှိသော တိရစ္ဆာန်လေးများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုပြီး နေ့လည်စာကို Safari World တွင် အရသာ ရှိပြီး အမျိုးစုံသော Buffet ဖြင့် ဧည့်ခံပါမည်။ Park ထဲတွင်ပျော်ရွှင်စွာအနားယူခြင်း၊ ဆော့ကစားခြင်း၊ လှည့်လည်ကြည့်ရှုခြင်းများပြီးနောက် ဈေးဝယ်ထွက် နိုင်ရန် ကိုယ်ပိုင်အချိန်ပေးပါမည်။  ထို့ နောက် လေဆိပ်သို့ ပြန်သွားကာ Myanmar National Airlines ဖြင့် ညနေ (၈း၂၀) နာ၇ီတွင်စတင် ထွက်ခွာလာပြီး (၈း၅၀) နာရီ    တွင်ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ မည်ဖြစ် ပါသည်။




တစ်ဦးလျှင်    USD  - 650  
နှစ်ယောက်လျှင်တစ်ခန်းနှုန်းဖြစ်ပါသည်။ 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ
(၁) လေယာဉ်လက်မှတ် ( ရန်ကုန် - ဘန်ကောက် - ရန်ကုန်)
(၂) ခရီးစဉ်တစ်လျှောက်ကားအကြိုအပို့ (လေအေးပေးစက် တပ်ဆင်ထားသောကားများ)
(၃) ခရီးစဉ်တွင် ပါဝင်သည့်အတိုင်း နံနက်စာ ၊ နေ့လည်စာ နှင့် ညစာ
(၄) ခရီးစဉ်တွင် ပါဝင်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ
(၅) ကြယ်သုံးပွင့်   အဆင့်ရှိ ဟိုတယ်တွင် တည်းခိုစရိတ်
(၆) ထိုင်း နိုင်ငံမှ English Tour Guide
(၇) English Tour Guide  နှင့်  Driver  အတွက်   Tip Money
(၈)ကုမ္ပဏီမှ အဖွဲ့ ခေါင်းဆောင်တစ်ဦး
ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှုများ
(၁) ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ
(၂) လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စရိတ်
(၃) နေ့လည်စာ နှင့် ညစာသုံးဆောင်စဉ်ရေသန့် ၊ အချိုရည် နှင့် အဖျော်ယမကာများ


(၄)ဟိုတယ်တွင်ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry Charges,Mini-Bar, Room Services,      Phone Bills  etc ….