Monday, February 8, 2016

Singapore - Indonesia - Malaysia

စင်္ကာပူ - ဘာတမ် - မာလာကာ-ကွာလာလာမ်ပူ ခရီးစဉ် (  ၆ ညအိပ် ၇ ရက် )
                                                                                                                           
Day 1 (14 April) : Yangon – Singapore –Peninsula Plaza  ( -/-/ညစာ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ  လေယာဉ်အမှတ် (3K582) ဖြင့်  ဒေသစံတော်ချိန်  (11:15 AM ) နာရီတွင် စတင် ထွက်ခွာလာပြီး  စင်ကာပူ ချန်ဂီလေဆိပ်သို့ ဒေသစံတော်ချိန်  (3:50PM ) နာရီ အချိန်တွင် ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီးနောက် စင်ကာပူနိုင်ငံ၏ အထင်ကရနေရာများဖြစ်သော City Hall, Suntec City, Merlion Park သို့သွားရောက် ကြည့်ရှု့လေ့လာပါမည်။  ညစာ သုံးဆောင် သုံးဆောင်ပြီးနောက်  စင်ကာပူနိုင်ငံ၏ ညအလှကိုခံစားနိုင်ရန် စင်ကာပူ မြစ်ကြောင်းတစ်လျှောက် လှေစီးအပန်းဖြေရင်း Marina Bay Sands သို့ ရထားစီးကာ Lighting Show ကိုကြည့်ရှု့ခံစားပါမည်။ ထိုမှတဆင့် တစ်နေ့တာ ပင်ပန်းမှုအတွက် အေးချမ်းစွာ အိပ်စက် အနားယူနိုင်ရန်ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။

Day 2 (15 April) : Universal Studio- Wings  of Time   ( မနက်စာ/ နေ့လည်စာ/ညစာ)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Diamond Industry & Beauty Oil Products သို့သွားရောက်လေ့လာ ဈေးဝယ်နိုင်ရန် လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နောက်Universal Studio  တွင် ကစားနည်းမျိုးစုံ ကို မိမိ စိတ်ကြိုက် ပျော်ရွှင်စွာ ကစားကြပါမည်။  နေ့လည်စာ ကို ကစားကွင်း အတွင်း ကူပွန်ဖြင့်သုံးဆောင်ပါမည်။  ညစာသုံးဆောင်ပြီးနောက် Wings of Time ပင်လယ်ဂီတ ခေါ်သံကို နားဆင်ကြည့် ရှု့နိုင်ရန် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ် သို့ပြန်လည် ပို့ဆောင်ပေးကာ တစ်နေ့တာ ပင်ပန်းမှုအတွက်  အိပ်စက်အနားယူပါမည်။

Day 3 (16 April): Gardens By The Bay – Welcome To Batam    ( မနက်စာ/ နေ့လည်စာ/ ညစာ) 
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်  သစ်ခွပန်းမန်များဖြင့် အလှဆင်ထားသော Gardens By The Bay ( Flower Dome + Cloud Forest  Dome) သို့သွားရောက်ပြီး အလှ ဓါတ်ပုံများရိုက်ကြပါမည်။ထိုမှတဆင့် နာမည်ကျော် ချောကလက်ချစ်သူများအတွက် Chocolate Gallery သို့သွားရောက်ကာ ဈေးဝယ်ထွက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ Batam Island သို့ Ferry Boat  ဖြင့်  ( ၄၅ မိနစ်) ခန့်စီးကာ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကြပါမည်။ ဟိုတယ် တွင် အိပ်စက်အနားယူပါမည်။

Day 4 (17 April): Batam Ferry Direct To Malaysia-Malacca Ancient Town  (မနက်စာ/နေ့လည်/ညစာ)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Golden Beach  တွင် ရေကစားနိုင်ရန် လိုက်လံ ပို့ဆောင်ပေးပါမည်။ ( ကမ်းခြေရှိ ရေပေါ်ကစားနည်းများဖြစ်သော Cable Ski, Para Sailing များကစားနည်းများကို မိမိ အစီစဉ်ဖြင့်လည်း ကစားနိုင်ပါသည်။ )ထို့နောက် Batam Miniature Park, Cultural Show, Factory Outlets, Kueh Lapis Factory  စသည့်နေရာ များ သို့သွား ရောက် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မလေးရှားနိုင်ငံ ရှိ မလာကာ သို့ Ferry Boat  ( 1 နာရီ 45 မိနစ်) ခန့် မောင်းနှင်ပါမည်။ မလာကာရှိ ရှေးဟောင်းမြို့တော်များ သို့သွားရောက်လည်ပတ်ကာ ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်နေ့တာ ပင်ပန်းမှုအတွက် အိပ်စက် အနားယူပါမည်။

Day 5 (18 April): Malacca-Kuala Lumpur-Genting Highlands  ( မနက်စာ/နေ့လည်စာ/ညစာ) 
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မလာကာမှ ပြန်လည်ထွက်ခွာပြီး Genting Highlands တောင်ပေါ်သို့ခရီးဆက်ပါမည်။  ဒေသဆိုင်ရာ စားသောက် ဆိုင်တွင် နေ့လည်စာသုံးဆောင်နိုင်ရန် ခေတ္တ နားပါမည်။ထို့နောက် Genting Highland တောင်ပေါ်သို့ Cable Car ( If cable car maintain will use bus)  ဖြင့်သွားရောက်ပါမည်။  တောင်ပေါ်တွင် လိုက်လံ လည်ပတ်ပြီး အလှဓါတ်ပုံများရိုက်ကြရင်း နည်မည်ကျော် Genting Casino သို့သွားရောက် ကြည့်ရှု့ပြီးနောက်  ညစာသုံးပါမည်။ ထိုနောက်တစ်ညတာကို ဟိုတယ်တွင် ပျော်ရွှင်စွာ အိပ်စက်အနားယူပါမည်။

Day 6 (19 April): Kuala Lumpur-Marine Lift @ SEA Aquarium, KLCC( မနက်စာ/နေ့လည်စာ/ညစာ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် မလေးရှားနိုင်ငံ ၏ မြို့တော် ကွာလာလမ်ပူမြို့သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် KLCC ရှိကမ္ဘာ့ အဆင့်မှီ Word-Class Aquarium တွင် ရင်သပ်ရှုမောဖွယ် ကောင်းသော ရေအောက်ကမ္ဘာ သို့သွားရောက် လည်ပတ်ပါမည်။ကွာလာလမ်ပူတွင် နေ့လည်စာသုံးဆောင်ပြီးနောက် အထင်ကရနေရာများသို့ လည်ပတ်နိုင်ရန်  Royal Palace, Independence Square နှင့်မလေးရှားနိုင်ငံ၏ မြို့သစ်ဖြစ်သော New Putrajaya သို့သွားရောက်လည်ပတ်ကာ  ပြီး မြို့ထဲရှိနာမည်ကျော် Twin Tower တွင်အမှတ်တရ အလှဓါတ်ပုံများရိုက်ကူးပါမည်။ ထို့နောက် ချောကလက် စက်ရုံ  နှင့် အမှတ်တရ လက်ဆောင်များဝယ်ယူနိုင်ရန် KLCC Shopping Mall  တွင်ဈေးဝယ် ထွက်နိုင်ရန် ကိုယ်ပိုင် အချိန်ပေးပါမည်။ ထို့မှတဆင့် ဟိုတယ် သို့ပြန်လည်ပို့ဆောင်ပေးပြီးအေးချမ်းစွာ အိပ်စက်အနားယူနိုင်ပါသည်။

Day 7 (20 April) :Kuala Lumpur-Yangon  ( မနက်စာ/နေ့လည်စာ/-)
ဟိုတယ် တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ထွက် ကာ Sunway Lagoon ရေကစားကွင်းသို့  သွားရောက်လည်ပတ် ကစားကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင်စားသောက်ပြီး လေဆိပ်သို့ ကားဖြင့်သွားကာ ညနေ (၅း၅၀) ထွက် AirAsia လေကြောင်းလိုင်းဖြင့်  ကွာလာလမ်ပူလေဆိပ်မှ တဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ပြန် လည်ရောက် ရှိပါမည်။



ဈေးနှုန်း - တစ်ယောက်လျှင် U$ 1099

ပါဝင်သောဝန်ဆောင်မှုများ
၁။ ရန်ကုန် - စကာင်္ပူ // ကွာလာလာမ်ပူ-ရန်ကုန် လေယာဉ်လက်မှတ် နှင့် လေကြောင်းဆိုင်ရာ အခွန်အခများ
၂။ စင်္ကာပူ - ဘာတန် - မာလာကာ Ferry  ဘုတ် စီးခ
၃။  ကြယ် (၃) ပွင့် နှင့် (၄) ပွင့် အဆင့် ရှိဟိုတယ် များတွင် (၂) ယောက် လျှင်(၁) ခန်း
၎။ ဟိုတယ်တွင် နံနက်စာ နှင့် ဒေသခံ စားသောက်ဆိုင်များတွင် နေ့လည်စာ နှင့် ညနေစာ
၅။ ဖော်ပြပါ လည်ပတ်မှုများအတွက် ၀င်ကြေးများ
၆။ ဒေသခံ လိုင်စင်ရ ဧည့်လမ်းညွှန် နှင့် မြန်မာစကားပြော tour leader
၇။ စင်္ကာပူ နှင့် မလေးရှား ဗီဇာကြေးနှင့် ၀န်ဆောင်ခများ


Thursday, February 4, 2016

Australia Great Cities 9 Days

                              Australia Great Cities (9Days)

12 April : Yangon – Bangkok – Sydney
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်း ဖြင့်သွားရောက်ပါမည်။လေယဉ်ပေါ်တွင် တစ်ညတာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

13 April: Sydney City Tour

ဆစ်ဒနီမြို့သို့ ရောက်ရှိပါကကားဖြင်. လာရောက်ကြိုဆိုမည်ဖြစ်ပြီး  ဆစ်ဒနီမြို့၏ အလှပဆုံးနှင့် အထင်ကရနေရာတစ်ခုဖြစ်သောအလွန်လှပသည်. တော်ဝင်ရုက္ခဒေပန်းဥယျာဉ်၊Opera House, Darling Habour, နှင့် Sydney Habour Bridge ပတ်ဝန်ကျင် လှပသောနေရာများကိုလှည့်လည်ကြည့်ရှု လေ့လာပါမည်။ ဆစ်ဒနီမြို.ရှိငါးဈေးကိုလေ.လာပြီးနေ့လည်စာကို Sydney မြို့ဆိပ်ကမ်းအလှကို ကြည့်ရှု့ခံစားရင်းသုံးဆောင်ပါမည်။  နေ့လည်စာသုံးဆောင်ပြီးနောက် Darling Habourနှင်.Hyde Park, St.Mary’s Cathedral, NSW Arts Galley များသို.လည်ပတ်မည်ဖြစ်ပါသည်။ ညနေခင်းတွင် ဆစ်ဒနီဆိပ်ကမ်းပေါ်မှ နေ၀င်ချိန်ကို ခံစားရင်းငါးဟင်း သုံးမျိုးဖြင်.တည်ခင်းမည်.အဆင်.မြင်.ညစာကိုသင်္ဘောပေါ်တွင်ပျော်ရွှင်စွာ စားသောက်ပါမည်။ ညစာစားသုံးပြီးနောက် ဟိုတယ်Check In ၀င်ပြီးအိပ်စက် အနားယူပါမည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

14 April :Sydney - Wollongong - Sydney
ဟိုတယ်တွင်နံနက်စာစားသုံးပြီးနောက် တောင်ဖက်ရှိပစိဖိတ်သမုဒ္ဒရာတလျောက် ကားဖြင်.ဖြတ်သန်းပြီး ပင်လယ်ကမ်းခြေမြို.ဖြစ်သည်.Wollongongမြို.သို.သွားရောက်လည်ပတ်ပါမည်။ Bald Hill တောင်ပေါ်မှ Wollongongမြို.၏နာမည်ကြီး Hang Gliderစီးနင်းခြင်းကိုကြည်.ရှုနိုင်ပါမည်။ ယင်းနောက် 665 meters ရှည်သည်. သမုဒ္ဒယာ  ပေါ်မှဆောက်လုပ်ဆက်သွယ်ထားသည်. Sea Cliff Bridge ပေါ်မှ လမ်းလျှောက်ဖြတ်သန်းရင်းအမှတ်တ၇ ဓာတ်ပုံရိုက်ကူးခြင်း၊နာမည်ကြီးAustimer Beach နှင်.သဘာဝ ကျောက်သားများဝန်းရံဖြစ်ပေါ်နေသည်.ရေကန်များ သို.လည်ပတ်ပါမည်။ဆက်လက်ပြီးကမ္ဘာ.တောင်ဘက်ခြမ်းမျ အကြီးဆုံးဗုဒ္ဒဘုရားကျောင်း Nan Tien Temple သို.သွားရောက်ပြီးသတ်သတ်လွတ် နေ.လည်စာသုံးဆောင်ပါမည်။ Wollongong ကမ်းခြေရှိ သြစတြေးလျနိုင်ငံ၏ အကြီးဆုံးဘီယာစက်ရုံ Five Islands Brewery သို. လည်ပတ်မည်ဖြစ်ပြီးကိုယ်ပိုင်ငွေဖြင်. ဘီယာမြည်းစမ်းနိုင်ပါမည်။ Wollongong ကမ်းခြေ ၊Flagstaff Hill နှင်. ထူးဆန်းသည်. KiamaBlowholewတို.ကိုသွားရောက်လည်ပတ်ပြီးဆစ်ဒနိသို.ပြန်လည်ထါက်ခာံပါမည်။ ညစာသုံးဆောင်ပြီးဟိုတယ်တံင်အနားယူအိပ်စက်မည်ဖြစ်ပါသည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

15 April: Sydney- Bluemountains- Sydney
နံနက်စာသုံးဆောင်ပြီးပါကဆစ်ဒနီမြို့အနောက်ဘက် 100 ကီလိုမီတာခန့် အကွာတွင်တည်ရှိပြီးအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားခြင်းခံရသောBlue Mountain National Park သို့တစ်နေတာသွားရောက်လည်ပတ်ပါမည်။ Skyway ခေါ်ကောင်းကင်ကြိုးရထားဖြင့် Three Sisters ကျောက်ညီအမသုံးဖော် တည်ရှိရာကျောက်တောင်သို့ သွားရောက်ပြီး Australia နိုင်ငံ၏ Grand Canyon တင်စားခေါ်ဝေါ်ခြင်းခံရသည့်  သာယာလှပသော မြင်ကွင်းကျယ်ရှုခင်းကို ကြည့်ရှု့ခံစားရင်းအမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ Blue Mountains ပေါ်ကကမ္ဘာ.အမတ်စောက်ဆုံးရထားခရီးသွားရင်း ancient jamison valley ကိုကြည်.ရှုခံစားရပါမည်။Australia နိုင်ငံ၏

အမှတ်တံဆိပ်ဖြစ်သောသားပိုက်ကောင်များကိုလည်းတွေ့မြင်ရမည်ဖြစ်ပါသည်။ တောင်ပေါ်မှ  Cable ကားစီးရင်းပြန်ဆင်းမည်ဖြစ်ပါသည်။ထို.နောက် ဆစ်ဒနီမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ Queen Victoria Building သို.လည်ပတ်ရင်းဈေးဝယ်ပါမည်။ ညစာသုံးဆောင်ပြီးပါကဟိုတယ်တွင် တစ်ညတာအေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

16 April: Sydney-Brisbane
နံနက်စာသုံးဆောင်ပြီးပါကမဲဘုန်းလေဆိပ်မှ Brisbane မြို့သို့ လေယာဉ်ဖြင်.ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။  Brisbane မြို.ရှိအထင်ကရ Story Bridge , မြို.တော်ခန်းမနှင်. ပါလီမန် များကိုလေ.လာပါမည်။ ထို့နောက် ရွှေရောင်ကမ်းခြေဟု တင်စားခေါ်ဝေါ်ခြင်းခံရသော (၈၀) ကီလိုမီတာရှည်လျားသည့် သြစတြေးလျနိုင်ငံ၏ နာမည်ကျော် Gold Coast မြို့သို့ကားဖြင့်သွားရောက်ပါမည်။ သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားခရီးသွားအများဆုံးလာရောက် လည်ပတ်ရာအပန်းဖြေစခန်းတစ်ခုဖြစ်ပါသည်။ ရေလွှာလျှောစီးနိုင်သောကမ်းခြေများ၊ လှပသောတူးမြောင်းများ၊ မိုးပျံတိုက်ကြီးများ၊ လှပသောသစ်တောကြီးများနှင့် ပျော်ရွှင်ဖွယ်ညနေခင်းကိုရှုစားနိုင်သောကလပ်နှင့် ဘားများတည်ရှိရာမြို့ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးပါကရွှေရောင်လွှမ်းသော Gold Coast ကမ်းခြေတွင်အပန်းဖြေအနားယူရင်းမိမိတို့ကြိုက်နှစ်သက်ရာနေရာများသို့ သွားရောက်လည်ပတ်နိုင်ပါသည်။ ညနေခင်းတွင် ညစာသုံးဆောင်ပြီးဟိုတယ်တွင် တစ်ညတာအေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

17 April : Gold Coast
နံ့နက်စာသုံးဆောင်ပြီး သြစတြေးလျ၏ အကြီးဆုံး Marine park သို.လည်ပတ်မည်ဖြစ်ပြီး ပိုလာဝက်ဝံအိမ်သို.သွားရောက်ပါမည်။ ထို.နောက် Sea World သို့သွားရောက်လည်ပတ်ပါမည်။ Sea World သည် Gold Coast တွင်ထင်ရှားသောနေရာတစ်ခုဖြစ်ပါသည်။ လင်းပိုင်များနှင့် ရေလွှာလျှောစီးပြပွဲများသည် Sea World တွင်အလွန်ထင်ရှားပါသည်။ ကျွမ်းကျင်သောစကိတ်စီးသမားများ၏ ကြိုးတန်းဖြင့် ရေလွှာစီးသရုပ်ပြခြင်း၊ လင်းပိုင်ကလေးများကထောင်ပြထားသောကွင်းများအတွင်းသို့ ခုန်ဝင်သရုပ် ပြခြင်းနှင့် သူတို့၏ပင်ကိုယ်စွမ်းရည်နှင့် နားထောင်နိုင်စွမ်းအားတို့ကိုအံ့သြဖွယ်မြင်တွေ့ရပါမည်။ ထို့နောက် Sea World အတွင်းရှိရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားနည်းများစွာကိုပျော်ရွှင်လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးပါကဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီးတစ်ညတာအေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။ ထို.နောက် ကွင်းစလန်၏ ရေပေါ် shopping center , Marina Mirage တွင် ဈေးဝယ်ပါမည်။ ညစာသုံးဆောင်ပြီးဟိုတယ်တွင်အနားယူပါမည်။

(နံနက်စာ ၊ညစာ)
18 April : Gold Coast/Melbone-Phillip Island- Melbourne
နံ့နက်စာသုံးဆောင်ပြီးGoast Coast လေဆိပ်မှမဲလ်ဘုန်းသို.သွားရောက်ပါမည်။ မဲလ်ဘုန်းလေဆိပ်တင်ကားလာရောက်ကြိုပြီး မြို့တွင်းလည်ပတ်ခြင်းအစီအစဉ်အဖြစ် မဲလ်ဘုန်းမြို့၏ အထင်ကရနေရာများဖြစ်သောBourke Street Mall Federation Square St Paul's & St Patrick's Cathedrals Town Hall Queen Victoria ဈေး ၊ Chinatown ၊ Fitzroyဥယျာဉ်၊ the Gardens ၊ theMCG ၊ အမျိုးသားတင်းနစ်စင်တာ၊ Flinders Street Station ၊ Southbank များကိုလှည့်လည်ကြည့်ရှုပြီးအမှတ်တရဓါတ်ပုံများရိုက်ကူးပါမည်။ ထို့နောက် Phillip ကျွန်းသို.သွားရောက်ပြီးကျော်ကြားလှသည်. ပင်ဂွင်းငယ်များ၏ ဓလေ.သဘာဝများကို လေ.လာကြည်.ရှုပြီးမဲလ်ဘုန်းသို.ပြန်ပါမည်။ညစာသုံးဆောင်ပြီးဟိုတယ်တွင် တစ်ညတာအေချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

19 April : Great Ocean Road Tour via Apollo Bay
မနက်စာသုံးဆောင်ပြီးနောက် သဘာဝတရားကြီး၏တန်ခိုး၊ သတ္တိနှင့် စွမ်းအားတို့၏ အံ့မခန်းထူးခြားဆန်းကြယ်မှုတို့ကိုတွေ့မြင်ခံစားနိုင်ရန် ကမ်းရိုးတန်းတစ်လျှောက် ဖောက်လုပ်ထားသော Great Ocean Road ခရီးကိုသွားရောက်မည်ဖြစ်ပါသည်။ သမုဒ္ဒရာအတွင်းမှ နတ်ဘုရားပုံစံကဲ့သို့ ထူးခြားစွာပေါ်ထွက်နေသော (၁၂)တိုင်၊ လေးကိုင်းသဏ္ဏာန်ဖြစ်ပေါ် နေသောကျွန်း၊ ဆူးတောင်ပါသောဝေလငါးနှင့် မတ်စောက်သောကမ်းရိုးတန်းပေါ်မှ မြင်တွေ့ခံစားနိုင်သောကမ်းရိုးတန်းသဘာဝအလှတို့မှာရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ နှစ်သန်းပေါင်းများစွာကတည်းကတည်ရှိခဲ့သောနာမည်ကျော် လန်ဒန်တံတားကြီးနှင့် သဏ္ဌန်တူပင်လယ်ထဲသို့ကျိုးကျနေဟန် ကျောက်ဆောင်ကြီး၏ အပိုင်းအစများကိုလည်းလေ့လာတွေ့မြင်နိုင်ပါသည်။ ထို့အပြင် ကျော်ကြားလှသော Bells ကမ်းခြေနှင့် Apoloပင်လယ်အော်၊ Lorne & Otway အမျိုးသားဥယျာဉ်အတွင်းရှိသစ်တောကြီးများကိုလည်းလမ်းခရီးတစ်လျှောက် လေ့လာနိုင်ပါသည်။ နေ့လည်စာများသုံးဆောင်ရင်းဓါတ်ပုံရိုက်နိုင်ရန် ရူခင်းလှပသောနေရာများတွင် ခဏရပ်နားပေးပါမည်။
ညစာစားသုံးပြီးနောက် မဲလ်ဘုန်းမြို့သို့ ပြန်လည်ထွက်ခွာလာပြီးဟိုတယ်တွင် တစ်ညတာအိပ်စက် အနားယူပါမည်။

 (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

20 April : Melbourne- Sovereign Hill- Shopping – Departure
နံနက်စာကိုဟိုတယ်တွင် သုံးဆောင်ပြီး 1850 နှစ်များဆီသို.ေ၇ာက်ရှိသွားမည်. Sovereign Hill သို.လည်ပတ်ရင်းရွှေတွင်းဆီသို.လေ.လာရေးသွားပါမည်။မြေအောက်ရှိ ရွှေတူးဖော်ပုံများလေ.လာကြည်.ရှုပါမည်။
အမှတ်တရနေရာတွင် ဈေးဝယ်ခြင်းနှင်. အထိမ်းအမှတ်ပြတိုက်ကိုကြည်.ရှုပြီးနောက် မဲဘုန်းသို.ပြန်ပါမည်။ မဲဘုန်းတွင် ကမ္ဘ.တောင်ဘက်ရှိအကြီးဆုံးကာစီနို ကစားဝိုင်းများသို.လည်ပတ်ပါမည်။ညစာမတိုင်ခင် စိတ်ကြိုက်
ဈေးဝယ်ချိန်ဖြစ်ပါသည်။ညစာသုံးဆောင်ပြီးမဲဘုန်းလေဆိပ်မှ ပြန်လည်ထွက်ခွာပါ မည်။ဘန်ကောက်မှ တဆင်. မြန်မာနိုင်ငံသို. ဆက်လက် ထွက်ခွာပါမည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)


ခရီးစဉ်တွင် ပါဝင်သောဝန်ဆောင်မှုစရိတ်များ

o    ဗီဇာပြင်ဆင်လျောက်ထား ၀န်ဆောင်မှုနှင့် ဗီဇာကြေး

o    ရန်ကုန်မှ အသွားအပြန် ရိုးရိုးတန်းလေယာဉ်လက်မှတ်ခ

o    luggage တစ်လုံးစီအတွက်တန်ဆာခ ပါဝင်သော ( MelboureQSydenyQGold Coast)ပြည်တွင်းလေယာဉ်လက်မှတ်ခများ၊

o    လေဆိပ်ခွန်များ၊

o    ကြယ်လေးပွင့် အဆင့်ဟိုတယ်ခန်းများတွင် နံနက်စာအပါအ၀င် အခန်းတစ်ခန်းတွင် (၂)ဦးနှုန်းတည်းခိုခများ၊

o    ခရီးစဉ်တလျောက် စားသောက်ဆိုင်များတွင် ဖော်ပြပါနေ့လည်စာ၊ညစာစားသောက်စရိတ်များ၊့ လေဆိပ်ကြို/ပို့ နှင့်ဖော်ပြပါခရီးစဉ်အတိုင်းသီးသန့်ကားများဖြင့် အလည်အပတ်အစီအစဉ်များ၊

o    သက်ဆိုင်ရာဝင်ကြေးခများ၊

o    ခရီးစဉ်စဆုံးအဆင်ပြေမှုရှိစေရန် မြန်မာ-အင်္ဂလိပ် စကားပြောအဖွဲ့ခေါင်းဆောင် (Tour Leader) လိုက်ပါ စီစဉ်ပေးမှု၊

o    ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် Tip


ခရီးစဉ်တွင် မပါဝင်သောဝန်ဆောင်မှုစရိတ်များ

o    သက်ဆိုင်ရာဗီဇာလျောက်ထားရန်လိုအပ်သောအထောက်အထားများအတွက် နိုတြီကြေး နှင့်ဝန်ဆောင်ခများ၊

o    ကျန်းမာရေးအာမခံ နှင့် အသက်အာမခံဝယ်ယူစရိတ်များ၊

o    ခရီးစဉ်တွင်မပါဝင်သော အစီအစဉ်များ၊ ညပွဲများစသဖြင့် လည်ပတ်ခြင်းများအတွက် အပိုကုန်ကျစရိတ်များ၊

o    ဟိုတယ်များတွင် Mini-bar၊ အခပေးရုပ်သံ (Pay TV) နှင့် တယ်လီဖုန်းအသုံးပြူ ကုန်ကျစရိတ်များ၊

o    အခြားကိုယ်ရေးကိုယ်တာအသုံးစရိတ်များ၊ (ဥပမာ - သောက်ရေသန့်ဗူး၊ အချိုရည်၊အဖျော်ယမကာခများ၊ ဟိုတယ်တွင် အ၀တ်လျော်ခများ စသဖြင့်)

o    ပြည်တွင်း/ပြည်ပလေယာဉ်များတွင် ၀န်ပို တန်ဆာခများ၊

o    ဖော်ပြမထားသောအစားအသောက်စာရိတ်များ၊

o    ခရီးစဉ်တွင်ဖော်ပြမထားသောအခြားကုန်ကျစရိတ်များ





Paris - Brussels - Amsterdams-Manheim-Lucerne-Venice-Milan-Rome (15Days/14Nights)


ပြင်သစ် ~ ဘယ်လ်ဂျီယံ ~ ဟော်လန် ~ ဂျာမနီ ~ ဆွစ်ဇာလန် ~  အီတလီ
(၁၄ညအိပ်/၁၅ရက် ခရီးစဉ်)


Day 1.                           ရန်ကုန် - ဘန်ကောက်                                         (-/-/-)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းအဲယားဝေး လေကြောင်းခရီးစဉ် (TG 306, 19:45/21:40) ဖြင့် Suvarnarbhumiလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်သို့ ရောက်ရှိပြီး ညဘက်တွင် ထိုင်းအဲယားဝေး လေကြောင်းခရီးစဉ် (TG 930, 00:05/07:05) ဖြင့် ပြင်သစ်နိုင်ငံ CDG လေဆိပ်သို့ဆက်လက်ပျံသန်းမည်ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာအိပ်စက် မည်ဖြစ်ပါသည်။

Day 2.                                            ပဲရစ်                                             ( -/L/D)
ပြင်သစ်နိုင်ငံ CDG လေဆိပ်သို့ ရောက်ရှိပါက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ပဲရစ်မြို့၏ အထင်ကရ ပြရုပ်များဖြစ်သော စစ်ဘုရင်နပိုလီယံမှ စစ်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သော မုဒ်ဦး Arc De Triumphe သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူပါမည်။ ဆက်လက်၍ အော်ပရာကဇာတ်ရုံ၊ တမူထူးခြားသောဗိသုကာလက်ရာဖြင့်တည်ဆောက်ထားသော  Madeleine ဘုရားရှိခိုးကျောင်းတော်၊ Louvre ပြတိုက်နှင့် အနောက်တိုင်းရှေးဟောင်းယဉ်ကျေးမှု၏ အမွေအနှစ်အဆောက်အဦ ဖြစ်သော Notre Dame Cathedral သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် မိမိစိတ်ကြိုက် ဈေးဝယ်ထွက်နိုင်ရန်အတွက် Champs E'lysees သို့ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။ 

Day 3.                                            ပဲရစ်                                            (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက Gustave Eiffel တည်ဆောက်ခဲ့သော ကမ္ဘာကျော် Eiffel Tower သို့သွားရောက် လည်ပတ်ပါမည်။ အီဖယ်မျှော်စင် ဒုတိယထပ်သို့ တက်ရောက်ပြီး ပဲရစ်မြို့၏အလှကို ကြည့်ရှုခံစားပါမည်။ ဆက်လက်၍ Place du Trocadéro ရင်ပြင်သို့ သွားရောက်ပြီး အီဖယ်မျှော်စင်နောက်ခံနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။   

Day 4.                                           ပဲရစ် -ဘရပ်ဆဲလ် (ဘယ်လ်ဂျီယံနိုင်ငံ)          (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက ပဲရစ်မြို့မှ (၃၀၅) ကီလိုမီတာအကွာတွင် တည်ရှိသော ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့သို့ ကားဖြင့်ထွက်ခွာပါမည်။ ကားမောင်းချိန် (၃) နာရီခန့်ကြာမြင့်မည်ဖြစ်ပါသည်။  ဘရပ်ဆဲလ်မြို့ ကျက်သရေဆောင် Hotel De Ville မြို့တော်ခန်းမ၊ ထင်ရှားကျော်ကြားသော ကလေးငယ် သင်္ကေတရုပ်တုနှင့် The Royal Palace of Belgium တော်ဝင်နန်းတော် သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ယခင်က ဘ၇ပ်ဆဲလ်မြို့ဟောင်းအဖြစ် တည်ရှိပြီး ယခုအခါ ပါလီမန်နန်းတော်ဟု လူသိများသော Old Palace of the Nations သို့သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူးပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

Day 5.                                ဘရပ်ဆဲလ် - အမ်စတာဒမ် (ဟော်လန်နိုင်ငံ)         (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက ဘရပ်ဆဲလ်မြို့မှ (၂၁၅) ကီလိုမီတာအကွာတွင် တည်ရှိသော ကီလိုမီတာအကွာတွင် တည်ရှိသော Netherlands  (ဟော်လန်) နိုင်ငံမြို့တော်  Amsterdam မြို့သို့ကားဖြင့် ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။ ကားမောင်းချိန် (၂) နာရီခန့်ကြာမြင့်မည်ဖြစ်ပါသည်။ အမ်စတာဒန်မြို့သို့ ရောက်ရှိပါက နယ်သာလန်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော Zaanse Schans ခေါ် လေရဟတ်ကြိတ်စက်များ တည်ရှိရာမြို့ပြင်သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးမည်ဖြစ်ပါသည်။ ဆက်လက်၍ နယ်သာလန်နိုင်ငံ၏ လက်မှုပညာတစ်ခုဖြစ်သော (Wooden shoe shop) သစ်သားဖိနပ်ဆိုင်နှင့် Cheese  factory များသို့ သွားရောက်လေ့လာပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။ ညနေခင်းတွင် Red Light District (သို့) အပန်းဖြေလမ်းမသို့ သွားရောက်လည်ပတ်ပြီး ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူပါမည်။    

Day 6.                  အမ်စတာဒမ် - ကိုလုံး ( Cologne, Germany                            (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက အမ်စတာဒမ်မြို့မှ (၂၇၅) ကီလိုမီတာအကွာတွင်ရှိသော ဂျာမနီနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့တော် တစ်ခုဖြစ်သော  KOLN (Cologne) မြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ မောင်းနှင်ချိန် (၂း၃၀) နာရီခန့် ကြာမြင့်မည်ဖြစ်ပါသည်။ Cologne မြို့သို့ရောက်ရှိပါက ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် တစ်ခုအပါအ၀င်ဖြစ်သော Cologne Cathedral သို့ဝင်ရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ ရိုင်းမြစ်ဝှမ်းနောက်ခံဖြင့် မြို့ဟောင်းအလှကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ထို့နောက် ကိုလုံးမြို့အတွင်း လမ်းလျှောက်လှည့်လည်ကြည့်ရှုမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။  

Day 7.                             (Colonge ) ကိုလုံး - Heidelberg – Mannhem                        (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက  ကိုလုံးမြို့မှ (၂၇၅) ကီလိုမီတာအကွာတွင် တည်ရှိသော Mannheim မြို့သို့ Heidelberg မှတဆင့် ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ Heidelberg သို့ရောက်ရှိပါက မြို့အရှေ့ဖက်တောင်ပေါ်တွင် တည်ရှိသော သမိုင်းဝင် ၁၆ရာစုလက်ရာ Heidelberg Castle (ရဲတိုက်) သို့သွားရောက်လည်ပတ်ပြီး နက်ကာမြစ်ပေါ်တွင် တည်ဆောက်ထားရှိသော တံတားဟောင်းသို့လည်း သွားရောက်လည်ပတ်ပြီး အမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ ထို့နောက် တစ်ထောက်ညအိပ်ရပ်နားမည့် (23) ကီလိုမီတာ အကွာတွင် တည်ရှိသော Mannheim မြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။    

Day 8.                Mannhem – Bern (ဆွတ်ဇာလန်) – Lucerne (ဆွတ်ဇာလန် )                    (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက Mannheim မြို့မှ ၃၅၀ ကီလိုမီတာအကွာတွင် တည်ရှိသော ဆွစ်ဇာလန်နိုင်ငံ ထင်ရှားကျော်ကြားသည့် မြို့များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားသော Bern မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ မြို့တော် Bern သို့ရောက်ရှိပါက အထင်ကရ နေရာများဖြစ်သော နာရီစင်၊ ပါလီမန်အဆောက်အဦးနှင့် ဘုရားရှိခိုးကျောင်းတို့ကို သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ရာသီဥတု အခြေအနေပေါ်မူတည်၍ ရေခဲတောင်တန်းများကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ (၆၃) ကီလိုမီတာအကွာတည်ရှိသော Lucerne မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။ Lucerne မြို့သို့ရောက်ရှိပါက ပြင်သစ်တော်လှန်ရေးအတွင်း အသက်ဆုံးရှုံခဲ့ရသည့် အစောင့်တပ်သားများအား ကိုယ်စားပြုထုလုပ်ထားသည့် ခြင်္သေရုပ်တုနှင့် ၁၂ရာစုတွင် သစ်သားဖြင့်တည်ဆောက်ထားရှိသော Chapel Bridge တွင် လမ်းလျှောက်ရင်း အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။  

Day 9.                    Lucerne  (ဆွတ်ဇာလန်) – Titlis – Venice ( 500 km)                   (B/L/D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဆွစ်ဇာလန်နိုင်ငံ၏ ထင်ရှားကျော်ကြားသော ရေခဲတောင်တန်းများ တည်ရှိရာ ၂၁၂၀ မီတာအမြင့်ရှိ Titlits တောင်တန်းများသို့ cable car ဖြင့်သွားရောက် လည်ပတ်ပါမည်။ လှပသော ရေခဲတောင်တန်းများ နောက်ခံဖြင့် အမှတ်တရဓါတ်ပုံရိုက်ပြီးနောက် Vemice မြို့သို့ဆက်လက်ထွက်ခွာလာပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။ 

Day 10.                    Venice  - Florence ( 250 km)                                                    (B/L/D)
နံနက်စာသုံးဆောင်ပြီးနောက် Venice ရေပေါ်မြို့တွင် အလွန်နာမည်ကြီး၍ လှပသော အနုပညာ လက်ရာများရှိသည့် San Marco Basilica ဘုရားကျောင်းနှင့် Doge's Palace သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ပါမည်။ ထို့နောက် ထုံးကျောက်ဖြူများဖြင့် တည်ဆောက်ထားသော Bridge of Sighs တံတားသို့သွားရောက်ကြည့်ရှုလေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Venice မြို့မှ (၂၅၈) ကီလိုမီတာ အကွာတွင် တည်ရှိသော ဖလော်ရင့်စ် မြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ ဖလော်ရင့်စ်မြို့သို့ ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

Day 11.                   Florence  – Rome  (300 km)                                                   (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက ရှေးဟောင်းယဉ်ကျေးမှုနှင့် အနောက်တိုင်းလက်ရာများစွာဖြင့် ပြည့်နှက်နေသော ဖလော်ရင့်စ်မြို့၏ ကျက်သရေဆောင် ၁၃ရာစုတွင် တည်ဆောက်ခဲ့သော Cathedral ဘုရားကျောင်း၊ Giotto’s Bell Tower နှင့် Signoria Square သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ကီလိုမီတာ ၅၀၀ကျော်ကွာဝေးသော အီတလီနိုင်ငံ၏ မြို့တော် ရောမမြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ ရောမမြို့သို့ရောက်ရှိပါက ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။ 

Day 12.                     Rome                                                                           (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက ကမ္ဘာ့အထူးဆန်းဆုံးနေရာ (၇)ခုတွင် ပါဝင်ခဲ့သော Colosseum သားသတ်ကွင်းသို့ သွားရောက်ကြည့်ရှုကာ ဓာတ်ပုံရိုက်ကြပါမည်။ ဆက်လက်၍ Roman Forum သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကမ္ဘာ့အကြီးဆုံး ကွန်ကရစ်အမိုးခုံးရှိသည့် ဘုရားကျောင်း Pantheon သို့သွားရောက်လေ့လာပါမည်။ ပြီးနောက် ရောမမြို့ရှိ Plazza Navona သို့ သွားရောက်လေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ ဆုတောင်းရာတွင် ဆုတောင်းပြည့်သည်ဟု ထင်ရှားသော Trevi Fountain နှင့် Castel San't Angelo သို့ ဓာတ်ပုံရိုက်ရန်အတွက် ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်သော Vatican City ရှိ St. Peter's Basilica သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Vatican Museums သို့ဝင်ရောက်ပြီး ပုပ်ရဟန်းမင်းကြီးနေထိုင်ခဲ့သော Sistine Chapel သို့သွားရောက်လေ့လာပါမည်။ ညနေခင်းတွင် မိမိစိတ်ကြိုက်ဈေးဝယ်ထွက်နိုင်ရန်အတွက် Spanish Steps သို့ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီး ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။ 

Day 13.                    Rome  - Milan  (580km)                                                         (B/L/D)
နံနက်စာသုံးဆောင်ပြီးပါက Romeမြို့မှ  မီလန်မြို့ သို့ထွက်ခွာပါမည်။ ထို့နောက် မီလန်မြို့ရှိ နန်းတော်များ၊ အထင်ကရ နေရာများဖြင့် စည်ကားတည်ရှိရာ Piazza del Duomo သို့သွားရောက်၍ Milan Cathedral, the Galleria Vittorio Emanuele II နှင့် Royal Palace of Milan တို့သို့လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။ 

Day 14.                     Milan – Bangkok                                                     (B/-/-)
နံနက်စာသုံးဆောင်ပြီးနောက် ကိုယ်ပိုင်အချိန်ပေးပါမည်။ ထို့နောက် မီလန်မြို့မှ  Thai Airways  (TG-941) ဖြင့် ဒေသစံတော်ချိန် (14:15) နာရီတွင်စတင် ထွက်ခွာလာပြီး ဘန်ကောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ဒေသစံတော်ချိန် ( 05:55) အချိန်တွင် ရောက်ရှိပါမည်။ ၄င်းညကို လေယာဉ်ပေါ်တွင် အိပ်စက်ပါမည်။

Day 15.                    Bangkok - Yangon                                                
ထို့မှတဆင့်  Thai Airways (TG-303 )ဖြင့်  (07:55 ) အချိန်တွင်ပြန်လည်ထွက်ခွာလာပြီးနောက် (08:50) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

 

                  

                         End of UA services

 

ခရီးစဉ်တွင်ပါဝင်သော ၀န်ဆောင်မှုများ

(၁) လေယာဉ်လက်မှတ် ( ရန်ကုန်  -ဘန်ကောက်-ပဲရစ်-မီလန်-ဘန်ကောက်- ရန်ကုန်) Thai Airways

(၂) Airport Tax

(၃) ခရီးစဉ်တစ်လျှောက်ကားအကြိုအပို့ (လေအေးပေးစက် တပ်ဆင်ထားသောကားများ)

(၄) ခရီးစဉ်တွင် ပါဝင်သည့်အတိုင်း နံနက်စာ ၊ နေ့လည်စာ နှင့် ညစာ

(၅) ဥရောပ ပြည်ဝင်ခွင့်  ဗီဇာစရိတ်များ

 (၇) ခရီးစဉ်တွင် ပါဝင်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ

(၈) ကြယ်လေးပွင့်   အဆင့်ရှိ ဟိုတယ်တွင် တည်းခိုစရိတ်

(၉) ဒေသဆိုင်ရာ ဧည့်လမ်းညွှန် English Tour Guide

(၁၀) English Tour Guide  နှင့်  Driver  အတွက်   Tip Money

(၁၁) ကုမ္ပဏီ မှ အဖွဲ့ခေါင်းဆောင်တစ်ဦး

 

ခရီးစဉ်တွင် မပါဝင်သော ၀န်ဆောင်မှုများ

(၁) ဖော်ပြပါ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ

(၂) လေယာဉ်အတွက် ၀န်ပိုသယ်ဆောင်စရိတ်

(၃) နေ့လည်စာ နှင့် ညစာသုံးဆောင်စဉ်ရေသန့် ၊ အချိုရည် နှင့် အဖျော်ယမကာများ

(၄) ဟိုတယ်တွင်ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော Laundry Charges,Mini-Bar, Room Services,Phone Bills  ….