Monday, February 8, 2016

Singapore - Indonesia - Malaysia

စင်္ကာပူ - ဘာတမ် - မာလာကာ-ကွာလာလာမ်ပူ ခရီးစဉ် (  ၆ ညအိပ် ၇ ရက် )
                                                                                                                           
Day 1 (14 April) : Yangon – Singapore –Peninsula Plaza  ( -/-/ညစာ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ  လေယာဉ်အမှတ် (3K582) ဖြင့်  ဒေသစံတော်ချိန်  (11:15 AM ) နာရီတွင် စတင် ထွက်ခွာလာပြီး  စင်ကာပူ ချန်ဂီလေဆိပ်သို့ ဒေသစံတော်ချိန်  (3:50PM ) နာရီ အချိန်တွင် ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီးနောက် စင်ကာပူနိုင်ငံ၏ အထင်ကရနေရာများဖြစ်သော City Hall, Suntec City, Merlion Park သို့သွားရောက် ကြည့်ရှု့လေ့လာပါမည်။  ညစာ သုံးဆောင် သုံးဆောင်ပြီးနောက်  စင်ကာပူနိုင်ငံ၏ ညအလှကိုခံစားနိုင်ရန် စင်ကာပူ မြစ်ကြောင်းတစ်လျှောက် လှေစီးအပန်းဖြေရင်း Marina Bay Sands သို့ ရထားစီးကာ Lighting Show ကိုကြည့်ရှု့ခံစားပါမည်။ ထိုမှတဆင့် တစ်နေ့တာ ပင်ပန်းမှုအတွက် အေးချမ်းစွာ အိပ်စက် အနားယူနိုင်ရန်ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။

Day 2 (15 April) : Universal Studio- Wings  of Time   ( မနက်စာ/ နေ့လည်စာ/ညစာ)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Diamond Industry & Beauty Oil Products သို့သွားရောက်လေ့လာ ဈေးဝယ်နိုင်ရန် လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နောက်Universal Studio  တွင် ကစားနည်းမျိုးစုံ ကို မိမိ စိတ်ကြိုက် ပျော်ရွှင်စွာ ကစားကြပါမည်။  နေ့လည်စာ ကို ကစားကွင်း အတွင်း ကူပွန်ဖြင့်သုံးဆောင်ပါမည်။  ညစာသုံးဆောင်ပြီးနောက် Wings of Time ပင်လယ်ဂီတ ခေါ်သံကို နားဆင်ကြည့် ရှု့နိုင်ရန် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ် သို့ပြန်လည် ပို့ဆောင်ပေးကာ တစ်နေ့တာ ပင်ပန်းမှုအတွက်  အိပ်စက်အနားယူပါမည်။

Day 3 (16 April): Gardens By The Bay – Welcome To Batam    ( မနက်စာ/ နေ့လည်စာ/ ညစာ) 
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်  သစ်ခွပန်းမန်များဖြင့် အလှဆင်ထားသော Gardens By The Bay ( Flower Dome + Cloud Forest  Dome) သို့သွားရောက်ပြီး အလှ ဓါတ်ပုံများရိုက်ကြပါမည်။ထိုမှတဆင့် နာမည်ကျော် ချောကလက်ချစ်သူများအတွက် Chocolate Gallery သို့သွားရောက်ကာ ဈေးဝယ်ထွက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ Batam Island သို့ Ferry Boat  ဖြင့်  ( ၄၅ မိနစ်) ခန့်စီးကာ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကြပါမည်။ ဟိုတယ် တွင် အိပ်စက်အနားယူပါမည်။

Day 4 (17 April): Batam Ferry Direct To Malaysia-Malacca Ancient Town  (မနက်စာ/နေ့လည်/ညစာ)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Golden Beach  တွင် ရေကစားနိုင်ရန် လိုက်လံ ပို့ဆောင်ပေးပါမည်။ ( ကမ်းခြေရှိ ရေပေါ်ကစားနည်းများဖြစ်သော Cable Ski, Para Sailing များကစားနည်းများကို မိမိ အစီစဉ်ဖြင့်လည်း ကစားနိုင်ပါသည်။ )ထို့နောက် Batam Miniature Park, Cultural Show, Factory Outlets, Kueh Lapis Factory  စသည့်နေရာ များ သို့သွား ရောက် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မလေးရှားနိုင်ငံ ရှိ မလာကာ သို့ Ferry Boat  ( 1 နာရီ 45 မိနစ်) ခန့် မောင်းနှင်ပါမည်။ မလာကာရှိ ရှေးဟောင်းမြို့တော်များ သို့သွားရောက်လည်ပတ်ကာ ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်နေ့တာ ပင်ပန်းမှုအတွက် အိပ်စက် အနားယူပါမည်။

Day 5 (18 April): Malacca-Kuala Lumpur-Genting Highlands  ( မနက်စာ/နေ့လည်စာ/ညစာ) 
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မလာကာမှ ပြန်လည်ထွက်ခွာပြီး Genting Highlands တောင်ပေါ်သို့ခရီးဆက်ပါမည်။  ဒေသဆိုင်ရာ စားသောက် ဆိုင်တွင် နေ့လည်စာသုံးဆောင်နိုင်ရန် ခေတ္တ နားပါမည်။ထို့နောက် Genting Highland တောင်ပေါ်သို့ Cable Car ( If cable car maintain will use bus)  ဖြင့်သွားရောက်ပါမည်။  တောင်ပေါ်တွင် လိုက်လံ လည်ပတ်ပြီး အလှဓါတ်ပုံများရိုက်ကြရင်း နည်မည်ကျော် Genting Casino သို့သွားရောက် ကြည့်ရှု့ပြီးနောက်  ညစာသုံးပါမည်။ ထိုနောက်တစ်ညတာကို ဟိုတယ်တွင် ပျော်ရွှင်စွာ အိပ်စက်အနားယူပါမည်။

Day 6 (19 April): Kuala Lumpur-Marine Lift @ SEA Aquarium, KLCC( မနက်စာ/နေ့လည်စာ/ညစာ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် မလေးရှားနိုင်ငံ ၏ မြို့တော် ကွာလာလမ်ပူမြို့သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် KLCC ရှိကမ္ဘာ့ အဆင့်မှီ Word-Class Aquarium တွင် ရင်သပ်ရှုမောဖွယ် ကောင်းသော ရေအောက်ကမ္ဘာ သို့သွားရောက် လည်ပတ်ပါမည်။ကွာလာလမ်ပူတွင် နေ့လည်စာသုံးဆောင်ပြီးနောက် အထင်ကရနေရာများသို့ လည်ပတ်နိုင်ရန်  Royal Palace, Independence Square နှင့်မလေးရှားနိုင်ငံ၏ မြို့သစ်ဖြစ်သော New Putrajaya သို့သွားရောက်လည်ပတ်ကာ  ပြီး မြို့ထဲရှိနာမည်ကျော် Twin Tower တွင်အမှတ်တရ အလှဓါတ်ပုံများရိုက်ကူးပါမည်။ ထို့နောက် ချောကလက် စက်ရုံ  နှင့် အမှတ်တရ လက်ဆောင်များဝယ်ယူနိုင်ရန် KLCC Shopping Mall  တွင်ဈေးဝယ် ထွက်နိုင်ရန် ကိုယ်ပိုင် အချိန်ပေးပါမည်။ ထို့မှတဆင့် ဟိုတယ် သို့ပြန်လည်ပို့ဆောင်ပေးပြီးအေးချမ်းစွာ အိပ်စက်အနားယူနိုင်ပါသည်။

Day 7 (20 April) :Kuala Lumpur-Yangon  ( မနက်စာ/နေ့လည်စာ/-)
ဟိုတယ် တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ထွက် ကာ Sunway Lagoon ရေကစားကွင်းသို့  သွားရောက်လည်ပတ် ကစားကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင်စားသောက်ပြီး လေဆိပ်သို့ ကားဖြင့်သွားကာ ညနေ (၅း၅၀) ထွက် AirAsia လေကြောင်းလိုင်းဖြင့်  ကွာလာလမ်ပူလေဆိပ်မှ တဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ပြန် လည်ရောက် ရှိပါမည်။



ဈေးနှုန်း - တစ်ယောက်လျှင် U$ 1099

ပါဝင်သောဝန်ဆောင်မှုများ
၁။ ရန်ကုန် - စကာင်္ပူ // ကွာလာလာမ်ပူ-ရန်ကုန် လေယာဉ်လက်မှတ် နှင့် လေကြောင်းဆိုင်ရာ အခွန်အခများ
၂။ စင်္ကာပူ - ဘာတန် - မာလာကာ Ferry  ဘုတ် စီးခ
၃။  ကြယ် (၃) ပွင့် နှင့် (၄) ပွင့် အဆင့် ရှိဟိုတယ် များတွင် (၂) ယောက် လျှင်(၁) ခန်း
၎။ ဟိုတယ်တွင် နံနက်စာ နှင့် ဒေသခံ စားသောက်ဆိုင်များတွင် နေ့လည်စာ နှင့် ညနေစာ
၅။ ဖော်ပြပါ လည်ပတ်မှုများအတွက် ၀င်ကြေးများ
၆။ ဒေသခံ လိုင်စင်ရ ဧည့်လမ်းညွှန် နှင့် မြန်မာစကားပြော tour leader
၇။ စင်္ကာပူ နှင့် မလေးရှား ဗီဇာကြေးနှင့် ၀န်ဆောင်ခများ


No comments:

Post a Comment