Thursday, February 4, 2016

Australia Great Cities 9 Days

                              Australia Great Cities (9Days)

12 April : Yangon – Bangkok – Sydney
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်း ဖြင့်သွားရောက်ပါမည်။လေယဉ်ပေါ်တွင် တစ်ညတာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

13 April: Sydney City Tour

ဆစ်ဒနီမြို့သို့ ရောက်ရှိပါကကားဖြင်. လာရောက်ကြိုဆိုမည်ဖြစ်ပြီး  ဆစ်ဒနီမြို့၏ အလှပဆုံးနှင့် အထင်ကရနေရာတစ်ခုဖြစ်သောအလွန်လှပသည်. တော်ဝင်ရုက္ခဒေပန်းဥယျာဉ်၊Opera House, Darling Habour, နှင့် Sydney Habour Bridge ပတ်ဝန်ကျင် လှပသောနေရာများကိုလှည့်လည်ကြည့်ရှု လေ့လာပါမည်။ ဆစ်ဒနီမြို.ရှိငါးဈေးကိုလေ.လာပြီးနေ့လည်စာကို Sydney မြို့ဆိပ်ကမ်းအလှကို ကြည့်ရှု့ခံစားရင်းသုံးဆောင်ပါမည်။  နေ့လည်စာသုံးဆောင်ပြီးနောက် Darling Habourနှင်.Hyde Park, St.Mary’s Cathedral, NSW Arts Galley များသို.လည်ပတ်မည်ဖြစ်ပါသည်။ ညနေခင်းတွင် ဆစ်ဒနီဆိပ်ကမ်းပေါ်မှ နေ၀င်ချိန်ကို ခံစားရင်းငါးဟင်း သုံးမျိုးဖြင်.တည်ခင်းမည်.အဆင်.မြင်.ညစာကိုသင်္ဘောပေါ်တွင်ပျော်ရွှင်စွာ စားသောက်ပါမည်။ ညစာစားသုံးပြီးနောက် ဟိုတယ်Check In ၀င်ပြီးအိပ်စက် အနားယူပါမည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

14 April :Sydney - Wollongong - Sydney
ဟိုတယ်တွင်နံနက်စာစားသုံးပြီးနောက် တောင်ဖက်ရှိပစိဖိတ်သမုဒ္ဒရာတလျောက် ကားဖြင်.ဖြတ်သန်းပြီး ပင်လယ်ကမ်းခြေမြို.ဖြစ်သည်.Wollongongမြို.သို.သွားရောက်လည်ပတ်ပါမည်။ Bald Hill တောင်ပေါ်မှ Wollongongမြို.၏နာမည်ကြီး Hang Gliderစီးနင်းခြင်းကိုကြည်.ရှုနိုင်ပါမည်။ ယင်းနောက် 665 meters ရှည်သည်. သမုဒ္ဒယာ  ပေါ်မှဆောက်လုပ်ဆက်သွယ်ထားသည်. Sea Cliff Bridge ပေါ်မှ လမ်းလျှောက်ဖြတ်သန်းရင်းအမှတ်တ၇ ဓာတ်ပုံရိုက်ကူးခြင်း၊နာမည်ကြီးAustimer Beach နှင်.သဘာဝ ကျောက်သားများဝန်းရံဖြစ်ပေါ်နေသည်.ရေကန်များ သို.လည်ပတ်ပါမည်။ဆက်လက်ပြီးကမ္ဘာ.တောင်ဘက်ခြမ်းမျ အကြီးဆုံးဗုဒ္ဒဘုရားကျောင်း Nan Tien Temple သို.သွားရောက်ပြီးသတ်သတ်လွတ် နေ.လည်စာသုံးဆောင်ပါမည်။ Wollongong ကမ်းခြေရှိ သြစတြေးလျနိုင်ငံ၏ အကြီးဆုံးဘီယာစက်ရုံ Five Islands Brewery သို. လည်ပတ်မည်ဖြစ်ပြီးကိုယ်ပိုင်ငွေဖြင်. ဘီယာမြည်းစမ်းနိုင်ပါမည်။ Wollongong ကမ်းခြေ ၊Flagstaff Hill နှင်. ထူးဆန်းသည်. KiamaBlowholewတို.ကိုသွားရောက်လည်ပတ်ပြီးဆစ်ဒနိသို.ပြန်လည်ထါက်ခာံပါမည်။ ညစာသုံးဆောင်ပြီးဟိုတယ်တံင်အနားယူအိပ်စက်မည်ဖြစ်ပါသည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

15 April: Sydney- Bluemountains- Sydney
နံနက်စာသုံးဆောင်ပြီးပါကဆစ်ဒနီမြို့အနောက်ဘက် 100 ကီလိုမီတာခန့် အကွာတွင်တည်ရှိပြီးအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားခြင်းခံရသောBlue Mountain National Park သို့တစ်နေတာသွားရောက်လည်ပတ်ပါမည်။ Skyway ခေါ်ကောင်းကင်ကြိုးရထားဖြင့် Three Sisters ကျောက်ညီအမသုံးဖော် တည်ရှိရာကျောက်တောင်သို့ သွားရောက်ပြီး Australia နိုင်ငံ၏ Grand Canyon တင်စားခေါ်ဝေါ်ခြင်းခံရသည့်  သာယာလှပသော မြင်ကွင်းကျယ်ရှုခင်းကို ကြည့်ရှု့ခံစားရင်းအမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ Blue Mountains ပေါ်ကကမ္ဘာ.အမတ်စောက်ဆုံးရထားခရီးသွားရင်း ancient jamison valley ကိုကြည်.ရှုခံစားရပါမည်။Australia နိုင်ငံ၏

အမှတ်တံဆိပ်ဖြစ်သောသားပိုက်ကောင်များကိုလည်းတွေ့မြင်ရမည်ဖြစ်ပါသည်။ တောင်ပေါ်မှ  Cable ကားစီးရင်းပြန်ဆင်းမည်ဖြစ်ပါသည်။ထို.နောက် ဆစ်ဒနီမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ Queen Victoria Building သို.လည်ပတ်ရင်းဈေးဝယ်ပါမည်။ ညစာသုံးဆောင်ပြီးပါကဟိုတယ်တွင် တစ်ညတာအေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

16 April: Sydney-Brisbane
နံနက်စာသုံးဆောင်ပြီးပါကမဲဘုန်းလေဆိပ်မှ Brisbane မြို့သို့ လေယာဉ်ဖြင်.ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။  Brisbane မြို.ရှိအထင်ကရ Story Bridge , မြို.တော်ခန်းမနှင်. ပါလီမန် များကိုလေ.လာပါမည်။ ထို့နောက် ရွှေရောင်ကမ်းခြေဟု တင်စားခေါ်ဝေါ်ခြင်းခံရသော (၈၀) ကီလိုမီတာရှည်လျားသည့် သြစတြေးလျနိုင်ငံ၏ နာမည်ကျော် Gold Coast မြို့သို့ကားဖြင့်သွားရောက်ပါမည်။ သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားခရီးသွားအများဆုံးလာရောက် လည်ပတ်ရာအပန်းဖြေစခန်းတစ်ခုဖြစ်ပါသည်။ ရေလွှာလျှောစီးနိုင်သောကမ်းခြေများ၊ လှပသောတူးမြောင်းများ၊ မိုးပျံတိုက်ကြီးများ၊ လှပသောသစ်တောကြီးများနှင့် ပျော်ရွှင်ဖွယ်ညနေခင်းကိုရှုစားနိုင်သောကလပ်နှင့် ဘားများတည်ရှိရာမြို့ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးပါကရွှေရောင်လွှမ်းသော Gold Coast ကမ်းခြေတွင်အပန်းဖြေအနားယူရင်းမိမိတို့ကြိုက်နှစ်သက်ရာနေရာများသို့ သွားရောက်လည်ပတ်နိုင်ပါသည်။ ညနေခင်းတွင် ညစာသုံးဆောင်ပြီးဟိုတယ်တွင် တစ်ညတာအေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

17 April : Gold Coast
နံ့နက်စာသုံးဆောင်ပြီး သြစတြေးလျ၏ အကြီးဆုံး Marine park သို.လည်ပတ်မည်ဖြစ်ပြီး ပိုလာဝက်ဝံအိမ်သို.သွားရောက်ပါမည်။ ထို.နောက် Sea World သို့သွားရောက်လည်ပတ်ပါမည်။ Sea World သည် Gold Coast တွင်ထင်ရှားသောနေရာတစ်ခုဖြစ်ပါသည်။ လင်းပိုင်များနှင့် ရေလွှာလျှောစီးပြပွဲများသည် Sea World တွင်အလွန်ထင်ရှားပါသည်။ ကျွမ်းကျင်သောစကိတ်စီးသမားများ၏ ကြိုးတန်းဖြင့် ရေလွှာစီးသရုပ်ပြခြင်း၊ လင်းပိုင်ကလေးများကထောင်ပြထားသောကွင်းများအတွင်းသို့ ခုန်ဝင်သရုပ် ပြခြင်းနှင့် သူတို့၏ပင်ကိုယ်စွမ်းရည်နှင့် နားထောင်နိုင်စွမ်းအားတို့ကိုအံ့သြဖွယ်မြင်တွေ့ရပါမည်။ ထို့နောက် Sea World အတွင်းရှိရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားနည်းများစွာကိုပျော်ရွှင်လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးပါကဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီးတစ်ညတာအေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။ ထို.နောက် ကွင်းစလန်၏ ရေပေါ် shopping center , Marina Mirage တွင် ဈေးဝယ်ပါမည်။ ညစာသုံးဆောင်ပြီးဟိုတယ်တွင်အနားယူပါမည်။

(နံနက်စာ ၊ညစာ)
18 April : Gold Coast/Melbone-Phillip Island- Melbourne
နံ့နက်စာသုံးဆောင်ပြီးGoast Coast လေဆိပ်မှမဲလ်ဘုန်းသို.သွားရောက်ပါမည်။ မဲလ်ဘုန်းလေဆိပ်တင်ကားလာရောက်ကြိုပြီး မြို့တွင်းလည်ပတ်ခြင်းအစီအစဉ်အဖြစ် မဲလ်ဘုန်းမြို့၏ အထင်ကရနေရာများဖြစ်သောBourke Street Mall Federation Square St Paul's & St Patrick's Cathedrals Town Hall Queen Victoria ဈေး ၊ Chinatown ၊ Fitzroyဥယျာဉ်၊ the Gardens ၊ theMCG ၊ အမျိုးသားတင်းနစ်စင်တာ၊ Flinders Street Station ၊ Southbank များကိုလှည့်လည်ကြည့်ရှုပြီးအမှတ်တရဓါတ်ပုံများရိုက်ကူးပါမည်။ ထို့နောက် Phillip ကျွန်းသို.သွားရောက်ပြီးကျော်ကြားလှသည်. ပင်ဂွင်းငယ်များ၏ ဓလေ.သဘာဝများကို လေ.လာကြည်.ရှုပြီးမဲလ်ဘုန်းသို.ပြန်ပါမည်။ညစာသုံးဆောင်ပြီးဟိုတယ်တွင် တစ်ညတာအေချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)

19 April : Great Ocean Road Tour via Apollo Bay
မနက်စာသုံးဆောင်ပြီးနောက် သဘာဝတရားကြီး၏တန်ခိုး၊ သတ္တိနှင့် စွမ်းအားတို့၏ အံ့မခန်းထူးခြားဆန်းကြယ်မှုတို့ကိုတွေ့မြင်ခံစားနိုင်ရန် ကမ်းရိုးတန်းတစ်လျှောက် ဖောက်လုပ်ထားသော Great Ocean Road ခရီးကိုသွားရောက်မည်ဖြစ်ပါသည်။ သမုဒ္ဒရာအတွင်းမှ နတ်ဘုရားပုံစံကဲ့သို့ ထူးခြားစွာပေါ်ထွက်နေသော (၁၂)တိုင်၊ လေးကိုင်းသဏ္ဏာန်ဖြစ်ပေါ် နေသောကျွန်း၊ ဆူးတောင်ပါသောဝေလငါးနှင့် မတ်စောက်သောကမ်းရိုးတန်းပေါ်မှ မြင်တွေ့ခံစားနိုင်သောကမ်းရိုးတန်းသဘာဝအလှတို့မှာရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ နှစ်သန်းပေါင်းများစွာကတည်းကတည်ရှိခဲ့သောနာမည်ကျော် လန်ဒန်တံတားကြီးနှင့် သဏ္ဌန်တူပင်လယ်ထဲသို့ကျိုးကျနေဟန် ကျောက်ဆောင်ကြီး၏ အပိုင်းအစများကိုလည်းလေ့လာတွေ့မြင်နိုင်ပါသည်။ ထို့အပြင် ကျော်ကြားလှသော Bells ကမ်းခြေနှင့် Apoloပင်လယ်အော်၊ Lorne & Otway အမျိုးသားဥယျာဉ်အတွင်းရှိသစ်တောကြီးများကိုလည်းလမ်းခရီးတစ်လျှောက် လေ့လာနိုင်ပါသည်။ နေ့လည်စာများသုံးဆောင်ရင်းဓါတ်ပုံရိုက်နိုင်ရန် ရူခင်းလှပသောနေရာများတွင် ခဏရပ်နားပေးပါမည်။
ညစာစားသုံးပြီးနောက် မဲလ်ဘုန်းမြို့သို့ ပြန်လည်ထွက်ခွာလာပြီးဟိုတယ်တွင် တစ်ညတာအိပ်စက် အနားယူပါမည်။

 (နံနက်စာ၊ နေ့လည်စာ၊ ညစာ)

20 April : Melbourne- Sovereign Hill- Shopping – Departure
နံနက်စာကိုဟိုတယ်တွင် သုံးဆောင်ပြီး 1850 နှစ်များဆီသို.ေ၇ာက်ရှိသွားမည်. Sovereign Hill သို.လည်ပတ်ရင်းရွှေတွင်းဆီသို.လေ.လာရေးသွားပါမည်။မြေအောက်ရှိ ရွှေတူးဖော်ပုံများလေ.လာကြည်.ရှုပါမည်။
အမှတ်တရနေရာတွင် ဈေးဝယ်ခြင်းနှင်. အထိမ်းအမှတ်ပြတိုက်ကိုကြည်.ရှုပြီးနောက် မဲဘုန်းသို.ပြန်ပါမည်။ မဲဘုန်းတွင် ကမ္ဘ.တောင်ဘက်ရှိအကြီးဆုံးကာစီနို ကစားဝိုင်းများသို.လည်ပတ်ပါမည်။ညစာမတိုင်ခင် စိတ်ကြိုက်
ဈေးဝယ်ချိန်ဖြစ်ပါသည်။ညစာသုံးဆောင်ပြီးမဲဘုန်းလေဆိပ်မှ ပြန်လည်ထွက်ခွာပါ မည်။ဘန်ကောက်မှ တဆင်. မြန်မာနိုင်ငံသို. ဆက်လက် ထွက်ခွာပါမည်။

(နံနက်စာ၊ နေ့လည်စာ၊ ညစာ)


ခရီးစဉ်တွင် ပါဝင်သောဝန်ဆောင်မှုစရိတ်များ

o    ဗီဇာပြင်ဆင်လျောက်ထား ၀န်ဆောင်မှုနှင့် ဗီဇာကြေး

o    ရန်ကုန်မှ အသွားအပြန် ရိုးရိုးတန်းလေယာဉ်လက်မှတ်ခ

o    luggage တစ်လုံးစီအတွက်တန်ဆာခ ပါဝင်သော ( MelboureQSydenyQGold Coast)ပြည်တွင်းလေယာဉ်လက်မှတ်ခများ၊

o    လေဆိပ်ခွန်များ၊

o    ကြယ်လေးပွင့် အဆင့်ဟိုတယ်ခန်းများတွင် နံနက်စာအပါအ၀င် အခန်းတစ်ခန်းတွင် (၂)ဦးနှုန်းတည်းခိုခများ၊

o    ခရီးစဉ်တလျောက် စားသောက်ဆိုင်များတွင် ဖော်ပြပါနေ့လည်စာ၊ညစာစားသောက်စရိတ်များ၊့ လေဆိပ်ကြို/ပို့ နှင့်ဖော်ပြပါခရီးစဉ်အတိုင်းသီးသန့်ကားများဖြင့် အလည်အပတ်အစီအစဉ်များ၊

o    သက်ဆိုင်ရာဝင်ကြေးခများ၊

o    ခရီးစဉ်စဆုံးအဆင်ပြေမှုရှိစေရန် မြန်မာ-အင်္ဂလိပ် စကားပြောအဖွဲ့ခေါင်းဆောင် (Tour Leader) လိုက်ပါ စီစဉ်ပေးမှု၊

o    ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် Tip


ခရီးစဉ်တွင် မပါဝင်သောဝန်ဆောင်မှုစရိတ်များ

o    သက်ဆိုင်ရာဗီဇာလျောက်ထားရန်လိုအပ်သောအထောက်အထားများအတွက် နိုတြီကြေး နှင့်ဝန်ဆောင်ခများ၊

o    ကျန်းမာရေးအာမခံ နှင့် အသက်အာမခံဝယ်ယူစရိတ်များ၊

o    ခရီးစဉ်တွင်မပါဝင်သော အစီအစဉ်များ၊ ညပွဲများစသဖြင့် လည်ပတ်ခြင်းများအတွက် အပိုကုန်ကျစရိတ်များ၊

o    ဟိုတယ်များတွင် Mini-bar၊ အခပေးရုပ်သံ (Pay TV) နှင့် တယ်လီဖုန်းအသုံးပြူ ကုန်ကျစရိတ်များ၊

o    အခြားကိုယ်ရေးကိုယ်တာအသုံးစရိတ်များ၊ (ဥပမာ - သောက်ရေသန့်ဗူး၊ အချိုရည်၊အဖျော်ယမကာခများ၊ ဟိုတယ်တွင် အ၀တ်လျော်ခများ စသဖြင့်)

o    ပြည်တွင်း/ပြည်ပလေယာဉ်များတွင် ၀န်ပို တန်ဆာခများ၊

o    ဖော်ပြမထားသောအစားအသောက်စာရိတ်များ၊

o    ခရီးစဉ်တွင်ဖော်ပြမထားသောအခြားကုန်ကျစရိတ်များ





No comments:

Post a Comment